ထိုင်းမှာ မြေပြိုမှု မြန်မာခြောက်ယောက် အပါအဝင် လူဆယ်ယောက် သေဆုံး

RFA Burmese
2024.08.23
ထိုင်းမှာ မြေပြိုမှု မြန်မာခြောက်ယောက် အပါအဝင် လူဆယ်ယောက် သေဆုံး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်မှာ ဖြစ်ပွားခဲ့သည့် မြေပြိုကျမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအား တွေ့ရစဉ်။
Khaosod English

ထိုင်းနိုင်ငံ ဖူးခက်မှာ သြဂုတ် ၂၃ ရက်နေ့က မြေပြိုကျမှုကြောင့် မြန်မာခြောက်ယောက်အပါအဝင် လူဆယ်ယောက် သေဆုံးခဲ့တယ်လို့ The Nation သတင်းက ဖော်ပြပါတယ်။

နတ်ခ်ကာတောင်က မြေပြိုကျတာကြောင့် အိမ်တွေအောက်မှာ လူတွေ ပိမိပြီး သေဆုံးကြတာဖြစ်ပါတယ်။ မြန်မာ ခြောက်ယောက်၊ ရုရှား နှစ်ယောက်၊ ထိုင်းတစ်ယောက်နဲ့ နောက်တစ်ယာက်ကတော့ ဘယ်နိုင်ငံသားလည်းဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းအားလုံးကို ရှာဖွေတွေ့ရှိထားပြီး အိမ်ထောင်စု ငါးခုက လူ ၂၅ ယောက်ကို ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း ရေးသားထားပါတယ်။

ဒီမြေပြိုမှုဟာ နေ့ချင်းညချင်းဖြစ်ပွားခဲ့တာလို့ ဖူးခက် လက်ထောက်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ဖို့ မြေပြိုမှု ဖြစ်တဲ့နေရာနားမှာ စခန်းတစ်ခု ဖွင့်ထားပြီး လူမှုကူညီရေးအဖွဲ့ အများအပြားက ဘေးသင့်တဲ့သူတွေကို ရှာဖွေတာနဲ့ အသက်ရှင်ကျန်သူတွေကို ရွှေ့ပြောင်းပေးတာတွေ လုပ်နေတယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

ရေကြီးပြီး မြေပြိုကျမှုကြောင့် ရွှံ့နွံတွေ နစ်မြုပ်ခဲ့တဲ့ ကာရွန်ဒေသက အိမ်တွေကို ပြန်လည်ထူထောင်ရေး အကူအညီတွေပေးဖို့ ထိုင်းရေတပ် ဝန်ထမ်းတွေကို စေလွှတ်ပြီး လုပ်ဆောင်စေတယ်လို့လည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။