သြင်္ကန်တွင်း ကျောင်းသား လှုပ်ရှားမှုတွေ ပေါ်ပေါက်
2015.04.15
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဧပြီလ ၁၄ ရက်နေ့က ရန်ကုန်မြို့တွင်း လှည့်လည်ဖျော်ဖြေနေစဉ်
ဒီမိုကရေစီပညာရေး တောင်းဆိုလို့ဖမ်းဆီးခံနေရ တဲ့ ကျောင်းသားနဲ့ ပြည်သူတွေပြန်လွှတ်ဖို့ မနေ့က ကျရောက်တဲ့ သြင်္ကန်အကြတ်နေ့မှာ လှုပ်ရှားမှု တချို့ဖြစ်ပေါ်ခဲ့ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် တောင်ငူခရိုင် အဖွဲ့ဝင်တချို့နဲ့ အားပေးကူညီသူ တချို့က တောင်ငူမြို့မှာ၊ အရေးကြီးပြီ သီချင်းသီဆိုကြ သလို၊ အဖမ်းခံထားရ တဲ့ကျောင်းသား ခေါင်းဆောင်တွေရဲ့ နာမည်တွေနဲ့ သံချပ်တိုင်ခဲ့ကြပါတယ်။
အလားတူ အစိုးရဆန့်ကျင်တဲ့စာတွေကို ရန်ကုန် တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ မြို့တော်ဖြိုးစေတနာ အခမဲ့ဆေးခန်းကခြံစည်းရိုးနဲ့ တပ်မတော်ချည်မျှင်နဲ့ အထည်စက်ရုံရှေ့မှာ မှုတ်ဆေး နဲ့ရေးထားတာတွေ့ရပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က ဘပ်စ်ကားမှတ်တိုင်နဲ့ လိုင်းကားတချို့မှာ မှုတ်ဆေးနဲ့ရေးထားကြပြီး၊ လှိုင်မြို့နယ် က ရေကစားမဏ္ဍပ်တချို့ရှေ့နဲ့ ကြော်ညာပိုစတာတွေပေါ်မှာလည်း ရေးထားကြပါတယ်။
ရန်ကုန်မြို့မှာလှည့်လည်ဖျော်ဖြေနေတဲ့ အပြာရဲ့အနီသံချပ်အဖွဲ့ခေါင်းဆောင် ကိုခန့်မင်းထက်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။









