ဦးသိန်းစိန်ကို ၂၀၁၂ အာရှတိုက်သားအဖြစ် စင်္ကာပူသတင်းစာရွေးခြယ်
2012.12.15
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)တွင်ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေး ဖိုရမ်တွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ်။
AFP
မြန်မာနိုင်ငံက နိုင်ငံရေးလူမှုရေးနဲ့ နိုင်ငံလမ်းကြောင်းကို မထင်မှတ်ဘဲ ပြောင်းလဲစေခဲ့တဲ့ ရှေ့တန်းက ဦးဆောင်သူတဦးဖြစ်တယ်လို့လည်း သတင်းစာအယ်ဒီတာအဖွဲ့က မှတ်ချက်ပေးပါတယ်။
ဦးသိန်းစိန်ဟာ နိုင်ငံအများစုက ဆင်းရဲဒုက္ခနဲ့ပြဿနာပေါင်းစုံ ပင်လယ်ဝေနေတဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ရှုမြင်ထားခဲ့တဲ့အဖြစ်ကနေ အပြောင်းအလဲ ခေါင်းဆောင်တဦးအဖြစ် ထွက်ပေါ်လာခဲ့တာလို့ သတင်းစာက ရေးပါတယ်။
ဒီလိုပြောင်းလဲခဲ့တဲ့ အကျိုးရလာဒ်တွေဟာ အများအံ့အားသင့်စေခဲ့ပြီး ဦးသိန်းစိန်ရဲ့ ရိုးသားမှုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတောင် အသိမှတ်ပြု ထောက်ခံမှု ရခဲ့သူလို့လည်း ဆိုပါတယ်။
ဒီလိုသတင်းစာက ၂၀၁၂ အာရှတိုက်သားအဖြစ် ဂုဏ်ပြုရွေးခြယ်မှုနဲ့အတူ နှစ်စဉ်ချီးမြှင့်တဲ့ Asian of the Year ဆုကိုလည် ချီးမြှင့်မယ်လို့ သိရပါတယ်။









