လွတ်ငြိမ်းချမ်းသာခွင့် ရည်ရွယ်ချက် နဲ့ လုပ်ရပ် မကိုက်ညီကြောင်း အဖွဲ့အစည်းတွေ ပြစ်တင်ဝေဖန်

2015-07-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို ဇူလိုင်လ ၃ဝ ရက်နေ့က မှန်လုံးကား ၅ စီးနဲ့တင်ဆောင်ပြီး တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီကနေတဆင့် တရုတ်ပြည်ကို ပြန်လည်ပို့ဆောင်စဉ်
မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို ဇူလိုင်လ ၃ဝ ရက်နေ့က မှန်လုံးကား ၅ စီးနဲ့တင်ဆောင်ပြီး တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီကနေတဆင့် တရုတ်ပြည်ကို ပြန်လည်ပို့ဆောင်စဉ်
Photo: Kyaw Myo Min/RFA

သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပြီး ဇူလိုင်လ ၃ဝ ရက်နေ့က အကျဉ်းသား ၇ ထောင်နီးပါး ပြန် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၃ ယောက်ပဲ ပါဝင်တဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်မကိုက်ညီဘူးလို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့က ဒီနေ့ ကြေညာချက်ထုတ်ပြီး ပြစ်တင်ဝေဖန်လိုက်ပါတယ်။

နိုင်ငံတည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံရေးမှာ အားလုံး ပါဝင်ခွင့်ရနိုင်ရေးတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်လို့ဖော်ပြထားပေမယ့် တကယ့်လက်တွေ့ မှာတော့ တိုင်းပြည်ရဲ့ သယံဇာတတွေခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေကို ဦးစားပေးလွှတ်လိုက်တာပဲ တွေ့ရတဲ့ အတွက် အစိုးရရဲ့လုပ်ရပ်ဟာ ပြည်သူရဲ့ ယုံကြည်မှုကျဆင်းစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

"ကိုယ့်နိုင်ငံထဲမှာ သယံဇာတတွေ ခိုးထုတ်နေတဲ့လူတွေကို ဥပဒေအရ တစ်သက်တစ်ကျွန်းချပြီးတော့ ၈ ရက်လောက်အကြာမှာ အဲ့ဒီလိုခြွင်းချက်မရှိ လွှတ်ပေးတယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီနိုင်ငံရဲ့ဥပဒေ အသစ်ပြဌါန်းဖို့အတွက် ပြုပြင်ပြောင်းလဲဖို့အတွက် ဆန္ဒထုတ်ဖော်တဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ဘာကြောင့်မလွှတ်ပေးတာလဲဆိုတဲ့ကိစ္စက မေးခွန်းထုတ်စရာတစ်ခုရှိပါတယ်၊ လွှတ်ပေးထားတဲ့ ရည်ရွယ်ချက် ကိုက ငြိမ်းချမ်းမှုဖော်ဆောင်ဖို့ ၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် နောက်တစ်ခါ နိုင်ငံရေးဖြစ် စဉ်မှာ အားလုံးပါဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်တယ်ဆိုတဲ့အခါကျတော့ ဒီရည်ရွယ်ချက်နဲ့သာ လွှတ်တယ်ဆိုလို့ရှိရင် တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမတိုင်မီ မှာ ခြွင်းချက်မရှိ လွှတ်ကိုလွှတ်ပေးရလိမ့်မယ်လို့ ကျနော်တို့ အဲ့ဒီလိုမြင်ပါတယ်"

ဒါ့အပြင် အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့လုပ်ရပ်အရ နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ ထင်သလို လုပ်ကိုင် ဆောင်ရွက်နိုင်တယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေက မှတ်ယူသွားနိုင်သလို၊ အိမ်နီးချင်းနိုင်ငံသားတွေ အခုလိုဝင်ရောက်လုပ်ကိုင်နေတာဟာ နိုင်ငံရဲ့လုံခြုံရေးစည်း ပေါက်တာဖြစ်တယ်လို့လည်း အဲ့ဒီအဖွဲ့တွေ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (13)
Share

သာဓက​တွေရှိခဲ့တယ်

ရည်​ရွယ်​ချက်​နဲ့လုပ်​ရပ်​ကိုက်​တယ်​မကိုက်​ဖူးလုပ်​မ​နေနဲ့
တရုပ်​နဲ့အဆင်​မ​ပြေရင်​ နယ်​စပ်​မှာ တိုက်​ပွဲ​တွေထပ်​ဖြစ်​ပြီး တိုင်းပြည်​အတွက်​အသက်​​ပေးရမှာက မြန်​မာ့တပ်​မ​တော်​သား​တွေပဲ၊ ဗကပတို့ ဘိန်းဖုန်​ကြားရင်​တို့ သာဓက​တွေ​ရှေမှာရှိ​နေတယ်​။ ၀ ကိုလည်း အကုန်​​ထောက်​ပံ​ပေးထား တာ။ ပါးစပ်​နဲ့​အော်​မ​နေကြနဲ့။အစိုးရလည်းအရှည်​ကြည်​ရတာ​ပေါ့

Aug 03, 2015 07:24 AM

ကိုကိုကြီး

မှန်​ပါတယ်​ မင်းတို့​တွေက ​လေပါးစပ်​နဲ့ပဲ အစိုးရက ​ဝေဖန်​​နေတာ တကယ်​လက်​​တွေ့ အသက်​​ပေး​နေရတာ မြန်​မာ့တပ်​မ​တော်​သား​တွေ၊ ဘိန်းဖုန်​ကြားရှင်​ တရုပ်​​ကြေးစားနဲ့တိုင်းပြည်​ကို ကျူး​ကျော်​လာတုန်းက ဒီပါးစပ်​​တွေဘယ်​မှာအ​ပေါက်ပိတ်​​နေကြလဲ အဲဒီအချိန်​​အော်​ပါလားမင်းတို့ပ​ထွေးကို။အားလုံးအ​ခြေ​နေကိုမသုံသပ်​ပဲ​ဘေးထိုင်​ဘု​ပြော​တွေချည်းပဲ၊အစိုးရလည်းမတတ်​သာလို့ဖြစ်​မှာ​ပေါ့

Aug 04, 2015 10:13 PM

အမှန်​မြင်​ပြည်​သူ

မနှိုင်း​ကောင်း​ပေမဲ့နှိုင်းရအုန်းမယ်​ ​ဒေ၀ရတ်​ကိုအစိုးရ​ကော တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ ​ရောဆရာတင်​မှားခဲ့တာ အခု​တော့ မိ​အေး၂ခါနာတာထက်​ဆိုး​ပီး ဆီ​လေးပါစွတ်​​ပေးရသလိုဖြစ်​​နေပီ အားလုံးနားလည်​သင့်​ပီ

Aug 02, 2015 07:44 PM

ဦးဝင်းတင်

တကယ်​​တော့ တရုပ်​က ဘန်​​ဒေါင်းမူကိုချိုး​ဖောက်​ခဲ့တာပဲ
နိုင်​ငံတနိုင်​ငံရဲအချုပ်​ခြာကို​လေးစားရမယ်​ဆိုတာရယ်​၊ပြည်​တွင်း​ရေးကိုဝင်​မစွက်​ဖက်​ဖူးဆိုတာ​တွေပါ။ နိုင်​ငံကြီးမပီသတဲ့လုပ်​ရပ်​ကိုလုပ်​ခဲ့တာပါ။

Aug 02, 2015 06:11 AM

ဦးဝင်းတင်

တိုင်းရင်းသားလက်​နက်​ကိုင်​​ရော အစိုးရ​ရော တရုပ်​ကိုဆရာတင်​​နေသမျှ ဒီတိုင်းဖြစ်​​နေမှာပဲ

Aug 01, 2015 09:10 PM

အမည်မဖော်လိုသူ

ပြည်သူတွေကဝမ်းရေးမဖူလုံကြတော့နားမကြားအကန်းတွေလို့ဘဲသဘောထားကြတာပေါ့

Aug 01, 2015 10:04 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့