တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ထိခိုက်မှုမရှိ


2019.01.10
theinswe-622.JPG အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော်တို့တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုမရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာချိန်မှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်တာဖြစ်ပါတယ်။

ပြန်လည်လက်ခံရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေရှ့်အစိုးရကြား သဘောတူညီထားတဲ့ စာချုပ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြန်လည်လက်ခံရေးလုပ်ငန်း စတင်မယ့်အချိန်ကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။