မဲဆောက်အထည်ချုပ်စက်ရုံမီးလောင် မြန်မာတစ်ထောင်ခန့် အလုပ်လက်မဲ့ဖြစ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က အထည်ချုပ်စက်ရုံတခုမှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် မြန်မာအလုပ်သမား တထောင်လောက် အလုပ်လက်မဲ့ ဖြစ်သွားရတယ်လို့ သိရပါတယ်။

2010.09.12

မဲဆောက်မြို့ အနောက်မြောက်ပိုင်းက အိုမီဂါ အထည်ချုပ်စက်ရုံ လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ကား အလုံအလောက်နဲ့ အာဏာပိုင်တွေ အပူတပြင်း ငြိမ်းသတ်ခဲ့ကြတဲ့အတွက် မီး လုံးဝငြိမ်းသွားပြီလို့ စက်ရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ မြန်မာ အလုပ်သမားတွေအနေနဲ့ အဲဒီ အထည်ချုပ်စက်ရုံ ပုံမှန် ဖွင့်လှစ်လည်ပတ်တဲ့အထိ သီတင်းတပတ်လောက် စောင့်ရဖွယ် ရှိတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများ ပူးတွဲလှုပ်ရှားမှုကော်မတီ အကြီးအကဲ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

ဒီစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် ထိုင်းလုပ်ငန်းရှင်အနေနဲ့ ဘတ်ငွေ သိန်းနဲ့ချီ ဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။ မြန်မာ စက်ရုံအလုပ်သမားတွေဟာ စက်ရုံပိတ်ထားစဉ် ကာလအတွင်း ဟင်းဖိုးအဖြစ် တရက်ကို ဘတ် (၄၀) ခံစားခွင့် ရရှိကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။