မဘသ ဆရာတော်တွေကို သာသနာရေး ဝန်ကြီး လျှောက်ထား
2016.04.05
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို တွေ့ရစဉ်
Photo: RFA
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဟာ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော်ကြီးတွေကို မနေ့က တွေ့ဆုံခဲ့ပြီး သာသနာ တိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက် မှာဖြစ်ကြောင်း လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုဟာ မနေ့က မနက်ပိုင်း ၁၁နာရီက မဘသ ဗဟို တည်ရှိရာ အင်းစိန်ရွာမ စာသင်တိုက်ကိုလာရောက်ခဲ့ပြီး ဥက္ကဌ ဆရာတော် ဦးတိလောကဘိဝံသ အပါအဝင် ဆရာတော်တချို့နဲ့ တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ဘာသာလေးခုကြား အမုန်းစကားမပြန့်ပွားရေး ကိစ္စများလည်း ဆွေးနွေးခဲ့ပါတယ်။ တရားဥပဒေချိုးဖေါက်တဲ့ သံဃာတော်တွေကို အရေးယူရေး နဲ့ပတ်သက်လို့ ဝန်ကြီးက ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဆရာတော်က အဆိုပါကိစ္စကို ဆွေးနွေးခြင်းမရှိဘူးလို့ RFA ကို မိန့်ကြားပါတယ်။









