Time မဂ္ဂဇင်းကို ရန်ကုန်မြို့ခံ ၇၀၀ ကျော် ဆန္ဒပြ

2013-06-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ygn-protest-305
ygn-protest-305
Photo: RFA

The Face of Buddhist Terror ခေါင်းစဉ်နဲ့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို မျက်နှာဖုံးတင် ရေးသားဖော်ပြထားတဲ့ ဇူလိုင်လ (၁)ရက်နေ့ ထုတ် TIME မဂ္ဂဇင်းကို  သံဃာတော်တွေ အပါအဝင် အင်အား (၇၀၀) ကျော်က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ဗုဒ္ဓဘာသာဟာ မေတ္တာတရားကို အခြေခံတဲ့ ငြိမ်းချမ်းရေးဝါဒဖြစ်တယ်ဆိုတာ ကမ္ဘာက သိစေချင်တဲ့အတွက် ဆန္ဒပြကြရတာဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက RFA ကို မိန့်ကြားပါတယ်။

" အမေရိကန် Time မဂ္ဂဇင်းကြီးမှာ ယခုကဲ့သို့ ရေးသားဖော်ပြလိုက်ခြင်းသည် ကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့ လူမျိုးပေါင်းစုံ ဘာသာအသီးသီးကနေပြီးတော့ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒလို့ ထင်မှားသွားနိုင်ပါတယ်၊ အဲ့ဒီလို အကြမ်းဖက်ဝါဒမဟုတ်ဘူး၊ ဗုဒ္ဓဝါဒသည် ငြိမ်ချမ်းရေးဝါဒလို့ ကမ္ဘာက အားလုံး သိသွားစေချင်ပါတယ်"

ဒီနေ့ ဆန္ဒပြပွဲမှာ သံဃာနဲ့ ပြည်သူတွေဟာ တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း ကြွေးကြော်ခဲ့ကြပြီး မဟာဗန္ဓုလ ပန်းခြံကို တစ်ပတ် လှည့်လည်ခဲ့ကြပါတယ်။

TIME မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့  ဆောင်းပါးကို နိုင်ငံတော်သမ္မတရုံးက ကန့်ကွက်ထားသလို၊ အစိုးရက ဖွဲ့စည်းထားတဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကလည်း ဇူလိုင်လ ( ၁ )ရက်နေ့ ထုတ် TIME မဂ္ဂဇင်းကို  မြန်မာနိုင်ငံအတွင်း ဖြန့်ချိရောင်းချခွင့် မပြုဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတချို့ကလည်း TIME မဂ္ဂဇင်း  ဆောင်းပါးကို ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်တွေ အသီးသီးထုတ်ပြန်ထားပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူမျိုးရေး ဘာသာရေးအကြမ်းဖက်မှုတွေအပေါ် အမြန်ဆုံး အရေးယူ ဆောင်ရွက်ဖို့ မြန်မာအစိုးရကို မလေးရှားနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံ မြို့တော် Bandar Seri Begawan မှာ ကျင်းပနေတဲ့  (၄၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည် ညီလာခံ ပြင်ပမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံတွင်းက လူမျိုးရေး ဘာသာရေးအကြမ်းဖက်ဖြစ်ရပ်တွေဟာ မလေးရှားအပါအဝင် အိမ်နီးချင်း နိုင်ငံတွေအပေါ် သက်ရောက်မှုတွေရှိခဲ့ကြောင်း၊  အကြမ်းဖက်အောင်လှုံ့ဆော်သူတွေကို တရားဥပဒေအရ ပွင့်လင်းမြင်သာမှုရှိရှိ အရေးယူဖို့ တိုက်တွန်းကြောင်း၊ ဒါ့ပြင် OIC အစ္စလမ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ခွင့်ပြုစေလိုကြောင်း  ပြောဆိုခဲ့ပါတယ်။

ကွန်မင့်များ (6)
Share

guest

I don't understand why people are demonstrating for what the TIME Magazine describe. They really don't know what's going on? Here is the video of the monk speaking hateful speech about Muslin. http://www.youtube.com/watch?v=vDl9MvpRiSE Watch the video and decide whether people should know about it or not.

Jul 02, 2013 10:57 PM

(

ဗုဒ္ဓဘာသာဟာ မေတ္တာတရားကို အခြေခံတဲ့ ငြိမ်းချမ်းရေးဝါဒဖြစ်တယ်ဆိုတာ သံတွဲမြို့မှာသက်သေပြနေပြီ
TIMEမဂ္ဂဇင်းက မလွန်ဘူးထင်တယ်၊ ဆင်သေကိုဆိတ်သရေနဲ့မဖုံးကြပါနဲ့ ခရိုနီဘုန်းကြီးတွေနဲ့ခရိုနီနောက်လိုက်တွေရေ..

Jul 01, 2013 02:47 PM

(

These ridiculous crazy people do not know what they are demonstrating. Look like they have nothing to do. Or get something like daily allowance.

Jul 02, 2013 09:53 AM

အမည်မဖော်လိုသူ

ဒါတွေကို ဖြစ်ေစေခဲ့တဲ့ TIME မျက်နှာဖုံးရှင် ဦးဝီရသူက ဘယ်ရောက်နေပါလိမ့်။ သူဖြစ်စေချင်တာတွေ ဖြစ်နေလို့ ထိုင်ကြည့်နေတာလား။

Jul 01, 2013 02:45 PM

Myo Aung

ပြီးခဲ့တာပြီးပြီဘဲလို့မှတ်လိုက်ရင် ပိုကဲလာမှာပေါ့ဗျာ။ မိုးလွန်မှထွန်ချတာမဟုတ်ဘူး၊ မိုးရွာလို့ထွန်လိုက်ချတာ။ တိုင်းမဂ္ဂဇင်းကို တနှစ်လောက်တော့ပိတ်သင့်တယ်။

Jul 01, 2013 08:01 AM

အမည်မဖော်လိုသူ

They used 786 number for their religion,so we also can use 969 for our religion.Why not allow?Why people scare to this 786?We believe and trust our religion,any problem for them.We always support and believe our religion (Buddhism).

Jul 01, 2013 05:03 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့