ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ယှဉ်ပြိုင်မယ် NLD ဦးတင်သစ် စတင်မဲဆွယ်


2015.09.15
tinthit-nld-candidate-620.jpg နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့က NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်သစ် မဲဆွယ်နေစဉ်
Photo: Win Ko Ko Latt/RFA

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်နဲ့ ယှဉ်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်သစ် ဟာ ရွေးကောက်ပွဲဝင်မယ့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်မှာ ဒီနေ့ မဲဆွယ် စည်းရုံးဟောပြောခဲ့ပါတယ်။

ပြည်သူတစ်ဦးချင်းစီရဲ့ မဲတစ်ပြားစီတိုင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အရေးကြီးတယ်လို့ ဦးတင်သစ်က ပြောခဲ့ပါတယ်။

"မဲတစ်ပြားချင်း အရေးမပါဘူးလို့ ပြောကောင်းပြောနိုင်တယ်၊ သို့သော် ဒီမဲပြားထုတွေကသာ NLD ကို အဆုံးအဖြစ်ပေးလိုက်မယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံရဲ့ မျှော်လင့်ချက် ဒီမိုကရေစီလူ့ဘောင်တစ်ခု တည်ထောင်ရေးဆိုတဲ့ မျှော်လင့်ချက်ကို တကယ်အကျိုးရှိအောင် ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းရပါလိမ့်မယ်"

ဦးတင်သစ်ဟာ ပုဗ္ဗသီရိမြို့နယ်က ကျဉ်တောင်ကန်၊ ဇီးကုန်း၊ မင်္ဂလာဒီပရပ်ကွက်တွေ မှာ မနေ့ကစပြီး မဲဆွယ်စည်းရုံးနေတာဖြစ်ပါတယ်။ သူဟာ မန္တလေးအခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တည်ထောင်သူဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရွာသား ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ၇ နှစ်ကြာ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။