ကွတ်ခိုင်မြို့နယ်မှာ တပ်မတော်နဲ့ TNLA တိုက်ပွဲပြင်းထန်


2019.09.24
tnla-gun-622 လုံခြုံရေးယူထားတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းက ကုန်းဆာရွာနဲ့ ပါဂျူရွာအကြားမှာ တပ်မတော်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA တပ်တွေ ဒီမနက်ငါးနာရီကစပြီး ညနေပိုင်းအထိ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။

ကုန်းဆာကျေးရွာက ကျေးရွာသားအားလုံးဟာ နီးစပ်ရာ ကျေးရွာတွေဖြစ်တဲ့ ကမန်တုံ၊ နမ့်ဟူးဒဲ့၊ မန်နောင်ကျေး ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က အခုညနေပိုင်းမှာ ကုန်းဆာကျေးရွာသူကြီးကို ဆက်သွယ်ရာမှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကိုကြားနေရပြီး ရွားသားအများစုဟာလည်း နီးစပ်တဲ့ကျေးရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

တပ်မတော်ဘက်က ကွတ်ခိုင်အထွက် တောင်သုံးဆယ်ဘက်ကနေ ခလရ ၄၅၊ ခလရ ၂၄၂၊ ခလ ရ၆၉ စစ်ကြောင်း သုံးကြောင်းနဲ့ TNLA တပ်ရင်း ၂၂၃ နဲ့တပ်မဟာ ၅ တပ်တွေ အခြေချတပ်စွဲထားတဲ့ ကုန်းဆာရွာတောင်ကြော ဘက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

ဒီနေ့တိုက်ပွဲဟာ တပ်မတော်ဘက်က အပစ်မရပ်တော့ဘူးလို့ပြောကြားပြီး နောက်မှာပထမဦးဆုံးဖြစ်တဲ့ တိုက်ပွဲဖြစ်ကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။