ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင် ၁၀၀ မှာ ဒေါ်အောင်ဆန်းစုကြည် ဖေါ်ပြခံရ

အမေရိကန် ပြည်ထောင်စုမှာ ထုတ်ဝေပြီး ဩဇာ အရှိန်အဝါ ကြီးမားတဲ့ Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ် ပညာရှင် ၁၀၀ ကို စစ်တမ်း ကောက်ယူရာမှာ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမှတ်စဉ် ၃၁ မှာ ရွေးချယ် ဖော်ပြခံရပါတယ်။

2011-11-30
Share
top-100-global-thinkers-305 Foreign Policy မဂ္ဂဇင်း၏၂၀၁၁ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ် ပညာရှင် ၁၀၀ စာရင်းတွင် ထိပ်ဆုံးမှ ရွှေးချယ်ဖော်ပြခံရသူ Alaa Al Aswany ကို မဂ္ဂဇင်း စာမျက်နှာတွင် တွေ့ရပုံ။ (screen snapshot of Foreign Policy Magazine)
Photo: RFA

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး Foreign Policy မဂ္ဂဇင်းက "အကယ်၍ မြန်မာနိုင်ငံ စစ်အာဏာရှင် ထမ်းပိုးအောက်က နောက်ဆုံး ရုန်းထွက်နိုင်ခဲ့တယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ကျွမ်းကျင်မှုက အဓိက အခန်းကဏ္ဍ ကနေ ပါဝင်နေလိမ့်မည်" လ့ို ရေးသား ဖေါ်ပြထားပါတယ်။

အခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ် ပညာရှင် အဖြစ် နံပါတ် ၁ နေရာ ရွေးချယ်ခံရသူကတော့ အီဂျစ်နိုင်ငံသား သွားဆရာဝန်ကနေ ကမ္ဘာကျော် စာရေးဆရာ ဖြစ်လာသူ အာလာ အယ်လ် အက်စ်ဝါနီ (Alaa Al Aswany) ပါ။

၂၀၀၂ ခုမှာ ထုတ်ဝေတဲ့ သူ့စာအုပ် The Yacoubian Building ဟာ ကိုလိုနီ သံခြေချင်း အဖြုတ်ခံရပြီးနောက် အီဂျစ်ရဲ့ လူမှှုရေးနဲ့ ယဉ်ကျေးမှှု တစ်စတစ်စ ယိုယွင်းလာခဲ့ပုံကို ထူးခြားစွာ တင်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။

Anonymous says:
2011-12-01 10:24

I likes the right news..

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့