၂၀၁၂ အာရှခရီးစဉ် အတွက် ထိပ်တန်း လည်ပတ်စရာ နေရာအဖြစ် မြန်မာ ဖြစ်လာနိုင်

လာမယ့် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားတွေ အတွက် ထိပ်တန်း အာရှခရီးစဉ် တနေရာ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် အခြေစိုက် အာရှပစိတ်ဖိတ် ခရီးသွား လုပ်ငန်း Asia Transpacific Journeys က မနေ့က ခန့်မှန်း ပြောကြားလိုက် ပါတယ်။

2011.12.05
tourist_shwedagon_305_z.png ရန်ကုန်မြို့၊ ရွှေတိဂုံစေတီပေါ်တွင် နိုင်ငံခြား ခရီးလှည့်လည်သူများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လွတ်မြောက်လာတဲ့ မနှစ်က စပြီး မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသည် တချို့ အဝင်အထွက် ပိုများလာတဲ့ နိုင်ငံဖြစ်ကြောင်း၊ အခုအခါမှာ မြန်မာနိုင်ငံ တဝှမ်း ဇိမ်ခံ ဟိုတယ်တွေ အများအပြား ပေါ်ပေါက် လာပြီ ဖြစ်တဲ့ အတွက် အရင်က အထီးကျန် ဖြစ်ခဲ့ပြီး လူသူ အရောက်အပေါက် နည်းသေးတဲ့ နေရာတွေကို သွားရောက်လိုသူတွေ အတွက် တန်ဖိုးထား သွားလာရမယ့် နေရာတခု ဖြစ်လာနေကြောင်းလည်း ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာရှ ပစိတ်ဖိတ် ကုမ္ပဏီရဲ့ ၂၀၁၂ ခုနှစ် အာရှခရီးသွား အများဆုံး တိုးလာနိုင်တဲ့ ခန့်မှန်းနိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်တန်းမှာ ရှိပြီး ဘူတန်နိုင်ငံက ဒုတိယ၊ အင်ဒိုနီးရှား နိုင်ငံက တတိယ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီကုမ္ပဏီဟာ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ဟားဗတ်၊ ယေးလ် စတဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေက ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်း အသင်းတွေကို အုပ်စုလိုက် ခရီးသွား ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-05 18:24

ကိုယ်သာလျှင် ကိုဘ၀ရဲ့ ပဲ့ကိုင်ရှင်

Anonymous
2011-12-05 20:58

i DOUBT THEIR SURVEY. jUST BECAUSE OF SOME LOOSING ACTS WOULD NOT WARANT SIGNIFICANT INCREASES IN VISITORS.