သြင်္ကန်သရုပ်ပျက် ဝတ်စားဆင်ယင်မှု ထိန်းသိမ်းရေး သတိပေး

2014-04-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရမဏ္ဍပ်ကို ဧပြီလ ၁၅ ရက် သြင်္ကန်အကြတ်နေ့က တွေ့ရစဉ်
စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရမဏ္ဍပ်ကို ဧပြီလ ၁၅ ရက် သြင်္ကန်အကြတ်နေ့က တွေ့ရစဉ်
photo: Min Thein Aung/RFA

ရန်ကုန်မြို့က သြင်္ကန်မဏ္ဍပ်တွေမှာ သရုပ်ပျက် ဝတ်စားဆင်ယင်မှုတွေ မရှိကြဖို့ ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီက အထူး သတိပေးထားကြောင်း သိရပါတယ်။

ကန်တော်ကြီး ပတ်လမ်းမှာရှိတဲ့ Signature ရေကစား မဏ္ဍပ်မှာ မနေ့က သရုပ်ပျက်ဝတ် စားဆင်ယင်ပြီး စင်ပေါ်မှာဖျော်ဖြေ ကပြတာတွေရှိခဲ့တဲ့အတွက် သတိပေးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒုတိယ ရဲမှူးကြီးမြင့်အေးက ပြောပါတယ်။

"အထူးသဖြင့်တော့ ကန်တော်ကြီးပတ်လမ်းကို ဦးစားပေးပြီးတော့ တာဝန်ချထားပါတယ်၊ ကျန်တဲ့နေရာတွေကတော့ မြို့နယ်မိုင်းရှင်း အဖွဲ့လေးတွေနဲ့ မြို့နယ်လုံခြုံရေးအဖွဲ့တွေနဲ့ လွှတ်ထားပေးပါတယ်၊ မနက်ပိုင်း ၅ နာရီကနေ ၇ နာရီပေါ့ မိုင်းရှင်းအဖွဲ့ရှင်းပေးတယ်၊ ညနေမှာ ၆ ခွဲနဲ့ ၇ ခွဲပေါ့၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှု ကတော့ ဘောင်းဘီအတို ဝတ်တာကတော့ ဒီခေတ်ကြီးမှာရိုးနေပြီဗျ၊ ကျန်တာက ကိုးရိုးကားရားသွားတဲ့လူ မရှိသလောက်ပါပဲ၊ Signature မှာဖြစ်သွားတာက ထိုင်းအကအဖွဲ့ သူတို့ကိုသွားပြီး သတိပေးပြီးသွားပါပြီ၊ အဲလိုဟာမျိုးနဲ့ စင်ပေါ်တက်မကပါနဲ့ဆိုတော့ သူတို့နားထောင်ပါတယ်၊ နောက်နေ့ကျရင် ဘောင်းဘီ အတိုပြန်ဖြစ်လာတယ်"

ရေကစားမဏ္ဍပ်ကြီးတွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး မနက်နဲ့ ညနေပိုင်းတွေမှာ မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရေကစားမဏ္ဍပ် အနီးတစ်ဝိုက်တွေမှာ ဘီယာ၊ အရက်ရောင်းချနေတာတွေကိုလည်း ပိတ်ပင်ထားပြီး ဒီနေ့သြင်္ကန်အကြတ်နေ့အထိ မူးယစ်အမှုပေါင်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယ ရဲမှူးးကြီး မြင့်အေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

သြင်္ကန်တွင်း လူမှုရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌ ဦးကျော်သူကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

မဟာ သြင်္ကန်အကြတ်နေ့မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သြင်္ကန်မြင်ကွင်းတွေကို RFA အဖွဲ့သူ မသင်းသီရိတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (4)
Share

သိၾကား

နေရပ်- ပုရပုိဒ္

“ဒီနှစ် ရေကစား မဏ္ဍပ်နဲ့ ရေကစားတဲ့လူငယ်တွေ ၈၀ ရာနှုန်းလောက်က မြန်မာ့ယဉ်ကျေးမှုသြင်္ကန်ကို (ညစ်ညမ်းသြင်္ကန်)၊ (သိက္ခာမဲ့သြင်္ကန်)(အကျင့်ပျက်သြင်္ကန်)(အရက်သြင်္ကန်) ၊(ဘယ်သူသေသေ ငတေမာပြီးရောသြင်္ကန်) ဖြစ်အောင် ဖန်တီးနေပါတယ်”ဆိုတာကို လက်မခံရင် နောင်နှစ်မှာ ပြင်ပြပါ။

Apr 16, 2014 04:00 PM

အမည်မဖော်လိုသူ

Signature ရေကစား မဏ္ဍပ်ကို နမူနာအနေနဲ့ အရေးယူသင့်
ပါတယ်။ မြန်မာသြင်္ကန်ဟာ “ညစ်ညမ်းတဲ့သြင်္ကန်” ၊ “အစော်ကားခံမယ့် သြင်္ကန်” မဟုတ်ပါဘူး။

Apr 16, 2014 01:41 PM

မိုးကြိုး ပစ်

နရေပျ- ထန်းလက် ကာ အဖွဲ့

Signature မဏ္ဍပ် ရေကစားမဏ္ဍပ်အမည်ခံပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဖျက်ဆီးနေတာပါ။ စင်ပေါ်မှာ “ပေါ်”အောင်
ကပြနေတာဟာ မြန်မာမလေးတွေ မဟုတ်ပါဘူး ၊ ထိုင်းမလေးတွေပါ ၊ ဒါကြောင့် မြန်မာမလေးတွေ အဝတ်အစား လျှပ်ပေါ်လော်လီတာ မဟုတ်ပါဘူးလို့ ဖြေရှင်းပါ တယ်။ ဒါမျိုးကို အရေးမယူရင် နောင်နှစ်မှာ အဝတ်မပါပဲ “တိုင်ပတ်က“ တာတွေ ရောက်လာပါလိမ့်မယ်။

Apr 16, 2014 09:36 AM

အမည်မဖော်လိုသူ

မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးနေတဲ့ ပြည်တွင်း ပြည်ပ အနုပညာရှင်“အတု”များ “အလိုမရှိ” ၊ “အလိုမရှိ” ၊ “အလိုမရှိ” ၊ “အလိုမရှိ” ၊ “အလိုမရှိ” ၊ “အလိုမရှိ” ...

Apr 15, 2014 02:31 PM

ဆိုက်တခုလုံးသို့