လယ်သမားတဦးနဲ့ သားမက်ဖြစ်သူ ရောင်းစားခံရ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က လယ်သမားတဦးနဲ့ သားမက်ဖြစ်သူတို့ ကို လူကုန်ကူးသူတွေက ထိုင်းနိုင်ငံက စက်ရုံမှာ အလုပ်သွင်းပေးမယ်လို့ ဖြားယောင်း ခေါ်ဆောင်သွားပြီး ငါးဖမ်းစက်လှေ လုပ်သားအဖြစ် ရောင်းစားခံခဲ့ရတယ်လို့ သိရပါတယ်။

2011.05.21
migrant_labor_fishing_boat_305_z.jpg ထိုင်းနိုင်ငံရှိ ငါးဖမ်းစက်လှေများတွင် ငွေဝယ်ကျွန်များသဖွယ် အလုပ်လုပ်နေကြရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပါသည်။ (Photo: Kay Chernush for the U.S. State Department)
(Photo: Kay Chernush for the U.S. State Department)

အဲဒီ လယ်သမား မိသားစုဟာ တောင်ကုတ်မြို့နယ် ချောင်းကောက် ရပ်ကွက်က ဖြစ်ပြီး မုန်တိုင်းဒဏ်ကြောင့် လယ်မြေတွေ ပျက်စီးခဲ့ရပြီး အမတော်ကြေး ချေးငွေ ပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်နေချိန်မှာ အိမ်ပေါင်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ အိမ်နီးချင်းရဲ့ ဆက်သွယ်မှုနဲ့ ခင်ပွန်းနဲ့ သားမက်တို့ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ သွားခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းက ပြောပြပါတယ်။

“ကျမတို့မှာ မိုးတွင်းက လယ်လုပ်တဲ့အခါ လယ်တွေကလည်း စပါးတွေ မရ၊ လယ်တွေ ပျက်စီးပြီး စိတ်တွေ ညစ်နေချိန်မှာ ဦးသောင်းရွှေက ထိုင်းကို သွားချင်ရင် လိုက်ပို့ပေးမယ်ဆိုပြီး သားမက်နဲ့ ယောက်ျားကို တယောက်ကို ခြောက်သိန်းစီ ငွေ ၁၂ သိန်း တောင်းပါတယ်။ အိမ်ပေါင်ပြီးတော့ လွှတ်လိုက်ရတာ ကျမတို့မှာ အခက်အခဲ မျိုးစုံတွေ ကြုံနေရတယ်။ ကျမတို့ကို ပန်းရန် အလုပ်လုပ်နေပြီ၊ ၁၂ဝ ရပါတယ်လို့ လိမ်ပါတယ်။ နောက်တော့ သင်္ဘောမှာ ရောင်းစားခံရတယ်လို့ သူ့မိန်းမကိုယ်တိုင် လာပြောပါတယ်။ ၁၁ သိန်းနဲ့ ရွေးရမယ်တဲ့။ ဦးသောင်းရွှေက အခု ထိုင်းမှာ အလုပ်လုပ်ပြီး သူ့မိန်းမကို ပို့နေပါတယ်။ ကျမတို့ အိမ်က ယောက်ျားနဲ့ သားမက်ကတော့ အခုထိ အဆက်အသွယ် မရသေးပါဘူး။ ကျမတို့ ဆင်းရဲဒုက္ခတွေ၊ အငတ်ငတ် အပြတ်ပြတ် ခံစားရပါတယ်”

လောလောဆယ် အဆက်အသွယ် မရသေးဘဲ ထိုင်းနိုင်ငံရောက် မြန်မာ့အရေး ကူညီပေးနေတဲ့ အဖွဲ့တွေကတဆင့် ရှာဖွေနေသလို ရခိုင်ပြည်နယ် ဝန်ကြီးရုံး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အုပ်ချုပ်ရေးမှူး အဖွဲ့တွေထံကို စာရေးသား အကူအညီ တောင်းထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ မြန်မာနိုင်ငံသားတွေကို အခုလို ငါးဖမ်းလှေ သူဌေးတွေထံကို ရောင်းစားမှုတွေ မကြာခဏ ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-25 07:11

myanmar luu myo achin chin ko ma laint ta haht lote dar ma kg buu myanmar tway har ko kyint ta yar ma kg kya buu bel tot ma ma toe tet buu