ပြည်နယ်နဲ့ တိုင်း ၃ ခုမှာ တစ်ပတ်အတွင်း မိုးကြီးနိုင်


2017.05.08
weather-forecast-620.jpg တစ်ပတ်အတွင်း မိုးကြီးနိုင်သည့် အခြေအနေပြ ဇယားကို တွေ့ရစဉ်
Photo: Tun Lwin Facebook

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းတွေမှာ လာမယ့် မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေ ဝသပညာရှင် ဒေါက်တာထွန်းလွင်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာရေး သားထား ပါတယ်။

အဲဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ သဘာဝဘေး အန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ပြင်ဆင်ကြဖို့ ဦးထွန်းလွင် က သတိပေးထားပါတယ်။

ဒါ့အပြင် အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းကြောင့် လာမယ့် မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ မြန် မာနိုင်ငံမြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါ တယ်။

အဲဒီ လေပွေလှိုင်းအရှိန်ကြောင့် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်တွေမှာ မိုးရွာနိုင်တယ်လို့ သိရပါတယ်။

ဧပြီလနဲ့ အခု မေလအတွင်း နေရာဒေသတချို့မှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လေပြင်းကြောင့် နေအိမ် ပျက်စီးတာ၊ သစ်ပင်၊ ဓာတ်တိုင်တွေ ကျိုးကျတာတွေ ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။