တူရကီ မြန်မာ ပူးတွဲသတင်းစာ ရှင်းလင်း


2016.06.13
dassk-turkey-620.jpg တူရကီနိုင်ငံခြားရေးဝန်ကြီး မက်လွတ် ကာဗူဆိုးဂလူး နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၃ ရက်နေ့ က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ သတင်းစာရှင်းလင်းစဉ်
Photo: Myo Thant Khaing/ RFA

၁၉၅၈ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာနဲ့ တူရကီ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းသွားဖို့ ဒီကနေ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မက်လွတ် ကာဗူဆိုးဂလူး တို့ ဆွေးနွေးကြကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နှစ်နိုင်ငံပျံသန်းနိုင်ဖို့ လေကြောင်းလိုင်းတွေ တိုးချဲ့သွားမှာဖြစ်သလို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီနိုင်ရေး အတွက် တူရကီအစိုးရဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ကူညီသွားမယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေါ်ပြချက်အရ မြန်မာနိုင်ငံမှာ တူရကီသံရုံးရှိပေမယ့် တူရကီနိုင်ငံမှာ မြန်မာ သံရုံးမရှိသေးပါဘူး။ နှစ်နိုင်ငံဆက်ဆံရေးမှာ ကုန်သွယ်ရေးက အနည်းအကျဉ်းသာ ရှိပါတယ်။ တူရကီရဲ့ မြန်မာ နိုင်ငံဆက်ဆံရေးမှာ လတ်တလော ထင်ရှားတာက ပထမကမ္ဘာစစ်အတွင်းက (မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီအောက်ရှိနေချိန်) ဗြိတိသျှတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားပြီး မြန်မာနိုင်ငံမှာ သေဆုံးသွားကြတဲ့ တူရကီစစ်သားတွေရဲ့ သရက် နဲ့ မိတ္တီလာမြို့က စစ်သင်္ချ ိုင်းတွေ ပြန်လည် ပြုပြင်ရေး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေအရေးကိုလည်း တူရကီနိုင်ငံဟာ ၂၀၁၂ ခုနှစ်ကတည်းက စတင် ကူညီနေတာ ဖြစ်ပြီး ကုလသမဂ္ဂနဲ့ အစ္စလာမ်မစ် နိုင်ငံများအသင်း အိုအိုင်စီတို့က ချမှတ်ထားတဲ့ ဆုံးဖြတ်တွေ အတိုင်း လိုက်နာဆောင်ရွက်နေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။