ရှစ်လေးလုံးနှစ်ပတ်လည် လမ်းလျှောက်သူခေါင်းဆောင် ၂ ဦး တရားစွဲဆိုခံရ


2013.08.09
march-8888-anniversary-305.jpg သြဂုတ်လ ၈ ရက်နေ့မှာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအမှတ်တရအနေနဲ့ ဟံသာဝတီအဝိုင်း ကနေ ဆူးလေအထိ ဂုဏ်ပြုလမ်းလျှောက်သူများကိုတွေ့ရစဉ်
photo: RFA/ Kyaw Lwin Oo

၈၈ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အဖြစ် မနေ့က ရန်ကုန်မြို့ ဟံသာတီအိုင်းကနေ မြို့တော်ခန်းမအထိ ချီတက်လမ်းလျှောက်ခဲ့ကြသူတွေထဲက နှစ်ဦးကို အာဏာပိုင်တွေက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

အာဏာပိုင်တွေက တရားစွဲဆိုလိုက်တဲ့နှစ်ဦး ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့င် ဒေါ်ဖြူဖြူင်းနဲ့ အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ဦးင်းချိုတို့ ဖြစ်ပါတယ်။

အခုလို တရားစွဲဆိုခံရတာဟာ အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက် မတောင်းခံခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ မနေ့က လမ်းလျှောက်ချီတက်ပွဲမှာပါဝင်သူ ဦးဝင်းချိုက RFA ကို ပြောပါတယ်။

"မနေ့က ကျနော့်ကို လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား ရဲစခန်း ၃ ခုကနေ အမှုစစ်ပြီးတော့ ကိုယ်ပိုင်ခံဝန်နဲ့ ထုချေခွင့်ပေးထားပါတယ်၊ စမ်းချောင်း၊ ဒဂုံ၊ လမ်းမတော်ရဲကလည်း အမှုဖွင့်တယ်လို့တော့ သိပါတယ်၊ အဲဒီတော့ ဖြတ်သန်းလာခဲ့တဲ့မြို့နယ်တွေက အမှုဖွင့်တယ်လို့ ပြောထားတယ်၊ အားလုံးပေါင်း ၆ ခုပါ၊ အကုန်လုံးပုဒ်မ ၁၈ ပါပဲ"

မနေ့က အဖွဲ့အစည်း ၈ ဖွဲ့စုပေါင်းပြီး ၈၈ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် ချီတက်လမ်းလျှောက်ရာမှာ လူပေါင်း ၁ဝဝ ကျော် ပါင်ခဲ့ကြပါတယ်။

ဒီအတောအတွင်း မနေ့ကကျင်းပတဲ့ ရှစ်လေးလုံးငွေရတု အခမ်းအနားအပြီး အရေးတော်ပုံ ငွေရတု ကြေညာစာတမ်းတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။  ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။