မွတ်စလင် အိမ်ယာစီမံကိန်း ဆန္ဒပြသူနှစ်ဦး ထောင်သုံးလကျ


2013-09-23
Share

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအတွက် ဆောက်လုပ်ပေးတဲ့ အိမ်ရာစီမံကိန်းကို ဆန္ဒပြခဲ့တဲ့ ရသေ့တောင်မြို့ခံ ၂ ဦးကို ဒီနေ့ ရသေ့တောင်မြို့နယ် တရားရုံးက တရားမင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ရသေ့တောင်မြို့မှာ အိမ်ရာစီမံကိန်းကို ဆန္ဒဖော်ထုတ်ခဲ့သူတွေထဲက ကိုကျော်မိုးထွန်းနဲ့ ကိုသန်းဌေးတို့ကို မြို့နယ်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး စစ်တွေအကျဉ်းထောင်ကို ပို့လိုက်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဒီနှစ် မတ်လ ၇ ရက်နေ့က ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်တွေအတွက် လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးမယ့် အစီအစဉ်တွေကို စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ တောင်ကုတ်စတဲ့ မြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေ တစ်ရက်တည်း ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးက စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်နဲ့ တောင်ကုတ်မြို့တွေက ဆန္ဒပြခေါင်းဆောင် ၁ ယောက်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့