ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ရက်ရွေ့ဆိုင်း
2012.05.28
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ မူလအစီအစဉ်အတိုင်း ဒီညီလာခံကို တက်ရောက်မယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် သမ္မတ ဦးသိန်းစိန်ဟာ အရင်သတ်မှတ်ခဲ့တဲ့ ရက်အစား ကမ္ဘာ့ စီးပွားရေး ညီလာခံကို ဇွန်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာသာ တက်ရောက်မယ်လို့ ဆုံးဖြတ်ကြောင်းသိရပါတယ်။
ဘန်ကောက်မြို့မှာ ကျင်းပမယ့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ညီလာခံကို သမ္မတ ဦးသိန်းစိန်ဟာ မူလက လာမယ့် ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့အနာဂတ်ရေးရာနဲ့ ပတ်သက်လို့ မိန့်ခွန်းတစ်ခု ပြောကြားဖို့ စီစဉ်ထားခဲ့ပါတယ်။
ဒီညီလာခံကို တက်ရောက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မူလအစီအစဉ်အတိုင်း မနက်ဖြန်ည ၉ နာရီမှာ ထိုင်းလေကြောင်းလိုင်းနဲ့ ဘန်ကောက်မြို့ကို ရောက်ရှိမှာ ဖြစ်ပြီး ဇွန်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ရှိနေစဉ်အတွင်း ကမ္ဘာ့စီးပွားရေးညီလာခံ တည်ထောင်သူ Klaus Schwab နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး “အာရှမှ အမျိုးသမီးများ၏ အခန်းကဏ္ဍ” ဆိုတဲ့ ဆွေးနွေးပွဲမှာလည်း စကားပြောကြားမှာ ဖြစ်ပါတယ်။
အဲဒီနောက် မြန်မာ အလုပ်သမား အများအပြားနေထိုင်ကြတဲ့ မဟာချိုင်ဒေသနဲ့ ထိုင်း မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းအပြင် တခြားစခန်းတချို့ကိုလည်း သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံက ပြန်ပြီးမှ သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံကို သွားရောက်ပြီး ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်တွေ တော်တော်လေး ထွက်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ခေါင်းဆောင် ၂ ဦး ထိုင်းနိုင်ငံကို ပြိုင်တူမသွားပဲ တလှည့်စီသွားတာ ဖြစ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့ထက် ပိုမိုအာရုံစိုက်ကြမှာကို သမ္မတကြီးက ထည့်တွက်ချက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။
မခက်မာရဲ့ စုစည်းတင်ပြချက်ကို နားဆင်ပါ။
| စုစည်းတင်ပြချက်။ | |
| အသံဖိုင်ယူရန်။ |









