ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့မည်

2018-06-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆောက်အဦး အဝင်ဝကို တွေ့ရစဉ်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆောက်အဦး အဝင်ဝကို တွေ့ရစဉ်
Photo: RFA

လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နဲ့ မှတ်ပုံတင် ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဖို့ ကော်မရှင်က ဖိတ်ကြားထားတယ်လို့ ပါတီခေါင်းဆောင်တွေ က ပြောပါတယ်။

ကော်မရှင်က ဖိတ်ကြားထားတာမှာ ဆွေနွေးမယ့် အကြောင်းအရာကို အသိပေးထားတာမရှိသေးဘူးလို့ ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဌ ဦးစောသန်းမြင့် ကပြောပါတယ်။

“ဖိတ်ထားတဲ့နေရာမှာတော့ ဘာမှအထွေအထူးမပါဘူး။ ဖိတ်တာပဲရှိတယ်။ ၁၄ ရက်နေ့မနက်။ ဦးတို့အဖွဲ့တွေ မနက်ဖြန် သွားကြမှာပေါ့။ ပါတီခေါင်းဆောင်တစ်ဦးစီပဲ ဖိတ်တယ်။”

တွေ့ဆုံပွဲတက်ရောက်မယ့် ပါတီတာဝန်ရှိသူတွေကို စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုနိုင်ဖို့ ကော်မရှင်ဘက်က စီစဉ်ပေးထားပြီး အခုတစ်ကြိမ်တွေ့ဆုံမှုဟာ NLD အစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

လာမယ့်နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ခေါ်ယူတွေ့ဆုံ တာ ဖြစ်နိုင်ကြောင်းနဲ့ တွေ့ဆုံပွဲမှာ ကော်မရှင်အနေနဲ့ ပါတီတစ်ခုချင်းစီရဲ့ ပြောကြားချက်တွေကို နားထောင်ပေးဖို့ လိုအပ်ကြောင်း ဦးစောသန်းမြင့် ကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မတွေ့ဆုံခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း မနက်ဖြန်မှာ နေပြည်တော်က USDP ရုံးမှာ နိုင်ငံရေးပါတီအားလုံးနဲ့တွေ့ဆုံပြီး ကော်မရှင်ထံ တင်ပြမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ စုပေါင်းဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။

နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပြီး ပါတီတွေရဲ့ အသံကို နားထောင်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြီးခဲ့တဲ့ဇွန်လ ၁ရက်နေ့က တိုက်တွန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့