သန်းခေါင်စာရင်း ကောက်ယူရေး ၀န်ကြီးနဲ့ အရပ်ဘက်အဖွဲ့တွေ ဆွေးနွေး

2014-02-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော် mount pleasant hotel မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကကျင်းပတဲ့ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေး ညှိနှိုင်းဆွေးနွေးပွဲမှာ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးနေ စဉ်
နေပြည်တော် mount pleasant hotel မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကကျင်းပတဲ့ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေး ညှိနှိုင်းဆွေးနွေးပွဲမှာ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးနေ စဉ်
photo: Myo Thant Khaing

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက် ခံရာမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ သန်းခေါင်စာရင်း ကောက်ယူမှုပုံစံကို ဆောင်ရွက်ခဲ့ တာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် Mount Pleasant Hotel မှာ ကျင်းပတဲ့ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ၀န်ကြီး ဦးခင်ရီ ပြောလိုက်တာပါ။

"ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို နိုင်ငံတကာနည်းပညာ အကြံပေးအဖွဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံက ပညာရှင်တွေပါပါတယ်၊ ဒီပညာရှင်တွေရဲ့ အဆင့်တိုင်းအဆင့်တိုင်းမှာ ပြည်တွင်းပညာရှင်တို့ ပါဝင်အကြံပေးဖို့ရာ ကျနော်တို့ဆောင်ရွက်နေ တာ ဖြစ်ပါတယ်၊ လူ့အခွင့်အရေး စံချိန်စံညွှန်တွေ အဖြစ်နဲ့ အထဲမှာအဓိကကျတဲ့ ကိုယ်ပိုင်ဆန္ဒအရ လုပ်ပိုင်ခွင့်ရှိတဲ့အပေါ်မှာ အခြေခံပြီး ဆောင်ရွက်နေ တာဖြစ်ပါတယ်"

ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေက သန်းခေါင်စာရင်းပုံစံမှာ ဖေါ်ပြထားတဲ့ လူမျိုးနဲ့ မျိုးနွယ်စု ကုတ်နံပါတ်တွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ပေးဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမှုကို လာမယ့် မတ်လ ၂၉ ရက်နေ့ကနေ လာမယ့် ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး အဲဒီလို ကောက်ယူပြီးစီးမှသာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဖြည့်စွက်မှုတွေကို လုပ်ဆောင်သွားနိုင်မှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အရင်က ပြောခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

How can we, the MINORITIES Believe you with Evil Aims & Agendas for over half a Century. The Evils only associate with Devils. The Evils are now in bed with the Devils.

Feb 27, 2014 08:29 AM

အမည်မဖော်လိုသူ

Actions on the ground do matter rather than words. The Minorities should not ignore or forget the past when dealing with this Corrupt Government. "Actions Speak Louder than words."

Feb 26, 2014 09:39 PM

ဆိုက်တခုလုံးသို့