ဦးကိုနီလုပ်ကြံခံရမှု နောက်ဆက် တွဲကို သမ္မတရုံးကသာ သတင်း ထုတ်ပြန်မည်


2017.02.10
koni-620.jpg ရန်ကုန်လေဆိပ်မှာ ဇန်နဝါရီလလ ၂၉ ရက်နေ့ ညနေက လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို တွေ့ရစဉ်
Photo: RFA

အန်အယ်လ်ဒီ ဥပဒေရေးရာ အကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တဲ့အခါ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်မှာမဟုတ်ဘဲ နိုင်ငံတော်သမ္မတ ရုံးကသာ ထုတ်ပြန်သွားမယ်လို့ သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

ရှေ့နေဦးကိုနီ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၀ နဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွေက သမ္မတရုံးကနေ နှစ်ကြိမ်တိုင်တိုင် သတင်းထုတ်ပြန်ခဲ့ပြီး နောက်ထပ်လည်း ထုတ်ပြန်သွားမယ်လို့ သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

"ကျွန်တော်တို့ နောက်ဆုံးထုတ်ထားတယ်၊ နောက်ဆက်တွဲသတင်းပေါ့၊ နောက်ထပ်လည်း ထုတ်ဖို့ရရင် ထုတ်ပေးမယ်၊ ပြည်ထဲရေးကမဟုတ်ဘူး၊ ကျွန်တော်တို့ ထုတ်နေတယ်၊ သမ္မတရုံးက ထုတ်နေတယ်"

အဲဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က သတင်းကွင်းဆက်ရရှိရေး အတွက် ဆောင်ရွက်နေပြီး ဘာသာရေးနဲ့ လူမျိုးရေး သွေးထိုးလှုံ့ဆော်တာတွေကို သတိပြုကြဖို့အတွက်လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရှေ့နေဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံခရီးစဉ်ကအပြန် ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။