ဦးကိုနီအသတ်ခံရမှု ဖမ်းဆီးထားသူတွေကို လူသတ်မှုနဲ့စွဲချက်တင်ပြီ

2018-02-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှေ့နေ ဦးကိုနီ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ ဇေယျာဖြိုး ကို  အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ရုံးထုတ်ပြီးနောက် တွေ့ရစဉ်
ရှေ့နေ ဦးကိုနီ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ ဇေယျာဖြိုး ကို အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ရုံးထုတ်ပြီးနောက် တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှု နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၂၊ ပုဒ်မ ၃၀၂ (၁) တို့နဲ့ အင်းစိန်မြို့ နယ် မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ အသီးသီး စွဲချက်တင်လိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော် တို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) စွဲချက်တင် လိုက်တာဖြစ်ပြီး အောင်ဝင်းထွန်းကိုတော့ ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်လိုက်တာ ဖြစ်တယ်လို့ တရားလိုရှေ့နေ ဦးခင်မောင်ဌေး က ပြောပါတယ်။

"အမှုမှာ အစွပ်စွဲခံရတဲ့ တရားခံ လေးယောက်စလုံးကို စွဲချက်တင်ဖို့ အမိန့်ချလိုက်ပါတယ်။ ကြည်လင်း ကိုတော့ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ (၁ခ/၃၄) ဆိုတာဟာ သတ်ဖို့ရန် ကြိုတင်ကြံစည်ပြီးမှ ပူးပေါင်းကြံစည် ကြတဲ့အပေါ်မှာ စုံစမ်းစစ်ဆေးမယ်၊ စစ်ဆေးစီရင်မယ်လို့ အမိန့်ချတာပါ၊ ၃၀၂ (၁ခ/၃၄)ရဲ့ ပြစ်ဒဏ် က သေဒဏ်ပါ၊ ကိုအောင်ဝင်းဇော်ကိုလည်း ၃၀၂ (၁ခ/၃၄)နဲ့ စွဲချက်တင်ဖို့ အမိန့်ချပါတယ်၊ ကိုဇေယျာဖြိုး ကိုလည်း ၃၀၂ (၁ခ / ၃၄ )နဲ့ စွဲချက်တင်ဖို့ အမိန့်ချပါတယ်၊ ကိုအောင်ဝင်းဇော်နဲ့ ပတ်သက်လို့ကတော့ ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့ စွဲချက်အမိန့်ချပါတယ်"

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်နေတဲ့ အောင်ဝင်းခိုင် ကိုလည်း ဖမ်းဝရမ်းထုတ်ထားရာကနေ တရားခံပြေး အဖြစ် ကြေညာလိုက်ပါတယ်။ ဒါကြောင် သူ့ကို ရဲတပ်ဖွဲ့ဝင်တွေအပြင် ပြည်သူတွေကပါ ဖမ်းဆီးပြီး သက်ဆိုင်ရာကို အပ်နှံနိုင်ပြီဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ စွဲချက်တင်ခံလိုက်ရသူတစ်ယောက်ဖြစ်တဲ့ ဇေယျာဖြိုးကတော့ သူမှာအပြစ်မရှိကြောင်းနဲ့ အမှန်တရားကိုဖော်ထုတ်ပေးဖို့ မီဒီယာတွေကို ပြောပါတယ်။

သူ့ရဲ့ မိသားစုကလည်း ဇေယျာဖြိုး စွဲချက်အတင်ခံရတာနဲ့ ပတ်သက်ပြီး အယူခံဝင်မယ့်အပြင် သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ တရားလွှတ်တော်ရှေ့ နေ ဦးကိုနီကို ၂၀၁၇  ခုနှစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြည်လင်းဆိုသူက သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို သတ်ဖြတ်ခံခဲ့ရပြီး ၁ နှစ်ကျော်အကြာမှာ အမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ သေနတ်သမား ကြည်လင်း အပါအ၀င် ၄ ဦးနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အောင်ဝင်းခိုင် တို့ကို အခုလိုစွဲချက်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပြန်လည် ချိန်းဆိုထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့