မြန်မာကို စစ်ရာဇဝတ်မှု ခုံရုံးတင်နိုင်ရေး ကုလအဆင့်မြင့် အရာရှိ တောင်းဆို

2018-03-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဥက္ကဌ ဇိရက် အယ်လ်ဟူစိန် ကို တွေ့ရစဉ်
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဥက္ကဌ ဇိရက် အယ်လ်ဟူစိန် ကို တွေ့ရစဉ်
Photo: UN Web TV

မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဖော်ထုတ်ပြီး နိုင်ငံတကာ စစ်ရာဇဝတ်မှု ခုံရုံးတင်နိုင်ဖို့အတွက် ဆီးရီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ပြဿနာတုန်းကလို စုံစမ်းစစ်ဆေးတရားစွဲဆိုမယ့် အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းသွားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ Zeid Ra’ad Al Hussein က ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။

ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ ပြဿနာတွေ အဓိကဖြစ်ပွားခဲ့တဲ့နေရာတွေက ဖြစ်ပျက်မှုများကို ဘက်စုံထောင့်စုံကနေ စုံစမ်းရှာဖွေဖို့ အဖွဲ့တွေစေလွှတ်မှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ကန့်သတ်ချက်အခြေအနေတချို့ရှိနိုင်ပေမဲ့ ရက်ရက်စက်စက်ကြမ်းကြမ်းတမ်းတမ်း ဆောင်ရွက်ခဲ့မှုတွေအတွက် စစ်ရာဇဝတ်မှုတရားရုံးကိုတင်နိုင်တဲ့ သက်သေတွေရရှိအောင် အဓိကထားဆောင် ရွက်မယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံအတွက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ၂၀၁၆ခုနှစ်က မဲခွဲပြီး ဘက်မလိုက်တဲ့ လွတ်လပ်တဲ့အဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီအနေနဲ့ အလားတူအဖွဲ့အစည်းမျိုး ဖွဲ့စည်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို Zeid Ra’ad Al Hussein က တောင်းဆိုလိုက်ပါတယ်။

Zeid တင်ပြတဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်တဲ့ ပုံသဏ္ဍာန်မျိုး လုပ်ဆောင်ခဲ့ပုံရတယ်လို့ ရေးသားထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့