လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အစိုးရလက်မခံ၊ လူ့အခွင့်ရေး အဖွဲ့တွေ ကြိုဆို

2017-03-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေကို အစိုးရတပ်ဖွဲ့တွေက နှိပ်စက်ညှင်းပန်း သတ်ဖြတ် မုဒိမ်းကျင့်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့တခု အမြန်ဆုံးစေလွတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလ လူ့အခွင့်ရေးကောင်စီ ညီလာခံကနေ သောကြာနေ့ မနေ့က အခုလို ဆုံးဖြတ်ခဲ့တာပါ။ အဲဒီ Fact Finding Missionအချက်အလက် ရှာဖွေရေးအဖွဲ့အနေနဲ့ လေ့လာ တွေ့ရှိချက်တွေကို လာမယ့် စက်တင်ဘာလမှာ လူ့အခွင့်အရေးကောင်စီထံ နှုတ်နဲ့ရှင်းလင်း ပြောဆိုရမှာဖြစ်ပြီး နောက်နှစ်ကျင်းပမယ့် ညီလာခံမှာ အစီရင်ခံစာ အပြည့်အစုံကို တင်ပြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ က မြန်မာနိုင်ငံကို အဆင့်မြင့် Commission of Inquiry စုံစမ်းရေးကော်မရှင်စေလွတ်ဖို့ မူလက တင်ပြခဲ့ပေမယ့် ဥရောပနိုင်ငံများအဖွဲ့ EU အပါအဝင်နိုင်ငံ အများအပြားက ဆန့်ကျင်ခဲ့တဲ့အတွက် နောက်ဆုံးမှာ အချက်အလက် ရှာဖွေရေးအဖွဲ့အဆင့်ပဲ စေလွှတ်ဖို့ ညီလာခံ က ဆုံးဖြတ်ခဲ့တာပါ။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ အနေနဲ့ လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဂျပန်အစိုးရကတော့ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ကို မနေ့ကဝင်ရောက်ထောက်ခံခဲ့ပေမယ့် ဒု သမ္မတ ဦမြင့်ဆွေ ဦးဆောင်တဲ့စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပေါ်ထွက်လာတဲ့ အထိ စောင့်ကြည့်ပြီး လိုအပ်ပါမှ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေနဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကိုစေလွှတ်သင့်တယ်လို့ ပြော ပါတယ်။

ဒီအတောအတွင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AIနဲ့ Forty Rightsလူ့အခွင့်အရေးအဖွဲ့တွေက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ကိုကြိုဆိုကြောင်းနဲ့ မြန်မာအစိုးရကို ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ကြေညာချက်တွေ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့