ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာခရီးစတင်

2018-06-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂျင်နာ ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် နှင့် တွေ့ရစဉ်
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂျင်နာ ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် နှင့် တွေ့ရစဉ်
Photo: United Nation

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂျင်နာ (Christine Schraner Burgener) ဟာ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ဒီကနေ့မှာ စတင်ရောက်ရှိပြီး လူ့အခွင့်အရေးကိစ္စ တွေနဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်များအရေးကို ဆွေးနွေးမယ်လို့ ကုလသမဂ္ဂက မနေ့ညနေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Gutterus က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဧပြီလက ခန့်အပ်ခဲ့တဲ့ Ms. Bergener ဟာ ကုလသမဂ္ဂဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး အခု မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဏာပိုင်တွေ၊ သံတမန်အသိုင်းအဝိုင်း၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။

အဓိကဆွေးနွေးလေ့လာမယ့် ကိစ္စရပ်တွေကတော့ ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေဖြစ်ပါတယ်။

မစ္စဘာဂျင်နာဟာ ဒီရာထူး လက်ခံခဲ့အပြီး မေလ ၁၆ ရက်နေ့က မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး နယူးယောက်နဲ့ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ အရာရှိတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင် ဒုက္ခသည်များအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေး အေးစက်လာခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့၊ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ တို့ကို မြန်မာနိုင်ငံက ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ မြန်မာခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးဆက်မယ်လို့ သိရပါတယ်။

ဆိုက်တခုလုံးသို့