ရွေးကောက်ပွဲမှာ သတင်းလွတ် လပ်ခွင့်ရှိရေး ကုလသမဂ္ဂ တိုက်တွန်း

2015-05-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို မေလ ၃ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြု လုပ်နေစဉ်။
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို မေလ ၃ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြု လုပ်နေစဉ်။
Photo: Kyaw Htoon Naing, Win Naung Toe, Win Ko Ko Latt/ RFA

သတင်းထောက်တွေအနေနဲ့ ရွေးကောက်ပွဲကာလမှာ စိုးရိမ်ကြောက်ရွံ့စရာမလိုဘဲ လွတ်လွတ်လပ်လပ် ရေး သားခွင့်ရရှိဖို့ မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မှာ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး UNESCO တို့ပူးပေါင်းကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ မှာ ယူနက်စကို မြန်မာအကြီးအကဲ Sardar Umar ALam က အခုလို တိုက်တွန်း လိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ သတင်းထောက်တွေ လွတ်လွတ်လပ် လပ် အနှောက်ယှက်မရှိ သတင်းရယူ ရေးသားခွင့် ရရှိဖို့ အစိုးရအနေနဲ့ အထူးဂရုစိုက်ဆောင်ရွက်ပေးစေ လိုကြောင်း Mr. Alam က ပြောပါတယ်။

ဒီအခန်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့လည်း တက်ရောက်ပြီး စကားပြောကြား ခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

tweet yware

နေရပ်- president rest room

ye htweet dont talk too much without honesty... no one will believe you...nonsense

May 09, 2015 08:18 AM

ဆိုက်တခုလုံးသို့