ကုလ လက်ထောက်အထွေထွေအတွင်းရေးမှူး စစ်တွေမြို့ကို ရောက်ရှိ

2019-05-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ ၂ဝ၁၉ ခုနှစ် မေလ ၁၂ရက်နေ့က စစ်တွေမြို့ ဘာဆာရာရွာမှာ မွတ်စလင်တွေနဲ့ တွေ့ဆုံခဲ့စဉ်
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ ၂ဝ၁၉ ခုနှစ် မေလ ၁၂ရက်နေ့က စစ်တွေမြို့ ဘာဆာရာရွာမှာ မွတ်စလင်တွေနဲ့ တွေ့ဆုံခဲ့စဉ်
Photo: RFA

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ အရေးပေါ်ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှုး မစ္စအာရ်ဆူလာမြူလာ ဟာ စစ်တွေမြို့ကို ဒီနေ့ နေ့လယ်ပိုင်းက ရောက်ရှိခဲ့ပြီး ဘာဆာရာကျေးရွာမှာ မွတ်စလင် ဒေသခံရွာသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန် မေလ ၁၃ ရက်နေ့မှာလည်း စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။

မစ္စအာရ်ဆူလာမြူလာဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခအခြေအနေတွေကို မေ ကိုးရက်နေ့ကနေ ၁၄ ရက်နေ့အထိ တစ်ပတ်ကြာ လေ့လာသွားမှာလည်း ဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ် ဧပြီလတုန်းက မစ္စအာရ်ဆူနာမြူလာဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့က လူသားချင်းစာနာမှု အကူအညီလိုအပ်တဲ့ အခြေအနေတွေ၊ ပဋိပက္ခရဲ့ သက်ရောက်မှု အခြေအနေတွေကို ကိုယ်တိုင်တွေ့မြင်သိရှိနိုင်ဖို့ ရည်ရွယ်တယ်လို့ UN ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ AA အဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်ပေါင်း  သုံးသောင်းကျော်ရှိနေပြီး သူမရဲ့ ဒီတစ်ကြိမ်မှာ စစ်ဘေးဒုက္ခသည်တွေထံကို သွားရောက်တွေ့ဆုံမလားဆိုတာ စောင့်ကြည့်ရမယ်လို့ သုံးသပ်နေကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့လိုက်တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့