ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာအစိုးရကို တိုက်တွန်း

ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ Vijay Nambiar က မြန်မာ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေရာမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင် ရရှိရေးကိစ္စတွေကို အဓိကထား လုပ်ဆောင်ဖို့ ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

2012.02.17
nambiar1-305 ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားနေစဉ်။
NLD

ဒါ့အပြင် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း အများက ယုံကြည်မှုရှိအောင် လုပ်ဆောင်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲအောင်ဆောင်ရွက်ဖို့နဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့ ပြောဆိုပါတယ်။

စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲပြီးနောက် တစ်နှစ်အကြာမှာ မကြုံစဖူး ပြုပြင်ပြောင်းလဲမှုတွေကို အစပြု လုပ်ဆောင်ခဲ့တယ်လို့ သူက ချီးကျူး ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Vijay Nambiar ဟာ ငါးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။