ကုလသမဂ္ဂ ကြေညာချက်ထုတ်ပြန်

မြန်မာအစိုးရက တူရကီ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ လတ်တလောနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခွင့်ပြုခဲ့တာဟာ ပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခအခက်အခဲတွေကို သက်သာစေတဲ့ဲ့အတွက် မြန်မာအစိုးရရဲ့အရေးပါတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲတစ်ဦးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

2012.08.15
nambiar_un_ban_ki-moon_305_z.jpg ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) နှင့် အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာ (ဝဲ) တို့ကို အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: UN Photo/Eskinder Debebe)
(Photo: UN Photo/Eskinder Debebe)

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu သွားရောက်ခဲ့တဲ့ မြန်မာပြည်ခရီးစဉ်ရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူပြုရာ ကျပါလိမ့်မယ်လို့ Vijay Nambiar က ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။