ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ချွတ်ယွင်းချက် အားနည်းချက်တွေ အများအပြား ရှိနေပေမယ့် ရွေးကောက်ပွဲ ကျင်းပတာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာတွေ ဟာ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

2010.12.18
ban_ki-moon_2010_305_Z ၂၀၁၀ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း။ (UN Photo/Paulo Filgueiras)
UN Photo/Paulo Filgueiras

နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ မနေ့က ပြုလုပ်တဲ့ ၂၀၁၀ နှစ်ချုပ် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြားခဲ့တာပါ။ ဒီဖြစ်ပေါ်တိုးတက်မှုတွေကို အခြေခံပြီး ရှေ့ဆက် တိုးတက်အောင် လုပ်ဆောင်သွားနိုင်သလို လုပ်လည်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ လူ့အခွင့်အရေး လေးစား လိုက်နာရေး စတဲ့မျှော်မှန်းချက်တွေ ပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့အတွက် ဆက်လက်ကူညီသွားမယ့် အကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။ မြန်မာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မဟာဗျူဟာ ဟာ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံတဲ့ မူဝါဒချမှတ်ပြီး ရေရှည်လုပ်ဆောင်သွားဖို့ပဲ ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။