ဖက်ဒရယ်ပညာရေး မူဝါဒပေါ်ထွန်းရေး UNA နဲ့ NNER ခေါင်းဆောင် များ ဆွေးနွေး

2016-03-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
UNA အဖွဲ့နဲ့ NNER အဖွဲ့တို့ မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ UNA ရုံးမှာ တွေ့ဆုံဆွေးနွေးနေစဉ်
UNA အဖွဲ့နဲ့ NNER အဖွဲ့တို့ မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ UNA ရုံးမှာ တွေ့ဆုံဆွေးနွေးနေစဉ်
Photo: National Network Education Reform/ Facebook

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER အဖွဲ့ဝင်တွေဟာ ဖက်ဒရယ် ပညာရေးမူဝါဒပေါ်ထွန်းလာရေးနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့က UNA ရုံးမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဖက်ဒရယ်ပညာရေးမူဝါဒပေါ်ထွန်းလာရေးအတွက် UNA ဘက်က ပြင်ဆင်ထားတာတွေနဲ့ NNER ဘက်က တိုင်းရင်းသားဘာသာစကား သင်ကြားရေးဆိုင်ရာ မူဝါဒတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ NNER အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။

"UNA အဖွဲ့ကလည်း ဖက်ဒရယ်ပညာရေးမူဝါဒခွင့်ကို သူတို့ဘက်က ဘာတွေပြင်ထားတာရှိမလဲပေါ့၊ သူတို့ ဘက်ကရော ဘာတွေဆွေးနွေးညှိနှိုင်းထားတာရှိမလဲပေါ့၊ NNER ဆိုရင်လည်း တိုင်းရင်းသားမိခင်ဘာသာ စကား သင်ကြားရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က အားလုံးတစ်နိုင်ငံလုံးအနှံ့ ဆွေးနွေးပွဲတွေပြု လုပ်ပြီး ရလာတဲ့ မူဝါဒပေါ့နော်၊ အဲ့ဒီဟာကို ကျနော်တို့တင်ပြတယ်၊ တိုင်းရင်းသားအဖွဲ့စည်းတွေဘက်က လည်း သူတို့ဘက်ကမရှင်းလင်းတာရှိရင် သူတို့ဘက်ကဖြစ်စေချင် တာလေးကို ဆွေးနွေးကြတယ်"

အဲ့ဒီဆွေးနွေးပွဲမှာ ဖယ်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်ဖြစ်ပေါ်လာရေး၊ တိုင်းရင်းသားဒေသတွေမှာ သက်ဆိုင်ရာဘာသာစကားနဲ့ စာသင်ကြားနိုင်ရေး နဲ့ ကျောင်းတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့အလိုက် စီမံခန့်ခွဲ ပိုင်ခွင့်ရှိရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို UNA ဘက်က ဦးစိုင်းညွန့်လွင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေနဲ့ NNER ဘက်က ဒေါက်တာ သိန်းလွင် ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦး ဆွေးနွေးကြတာဖြစ် ပါတယ်။

UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွင်း တိုင်းဒေသ ကြီး/ ပြည်နယ်နဲ့ ပြည်ထောင်စုလွှတ်တော်တို့မှာ ကိုယ်စားလှယ် ၈၀ ကျော် နေရာရရှိထားတာဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

သီတာ​အောင်

တနေ့က Debate တခုမှာ ပညာရှင်တွေနဲတက်ကြွသူတွေဆွေးနွေးတာ ပြင်ပကမေးခွန်းတခုမေးတယ်၊စာသင်ခန်းတခု မှာကျောင်း သားဆရာအချိုး ဘယ်လောက်ရှိရမလဲတဲ့။ ပြန်ဖြေသူက ရှိစရာ မလိုဖူးတဲ့။ ပညာရေးတက်ကြွအဖွဲ့ကိုဦးဆောင်နေသူက အဲလို ပြန်ဖြေတော့ ကိုယ်သိထားပဲမှားနေ သလားသူကပဲအရမ်းတော်ပီးခေတ်မှီနေလားမသိဖူး၊စဉ်းစား မိတာကတော့ကိုယ်တောင် သိထား တာ မှန်လားမှားလား မသေမခြာဖြစ်သွားတာ ဒီလိုသာဆို အနာဂါတ်ပညာရေး အတွက် စိုးရိမ်စရာပဲ အတွေးဝင်သွားတယ်၊

Mar 10, 2016 11:40 PM

သက်​​အောင်

နိုင်ငံရေးအရ တိုင်းရင်းသားအားလုံး(ကချင်ကယားကရင်
ချင်းမွန်ဗမာရခိုင်ရှမ်း) သဟဇာတဖြစ်အောင်အရင်လုပ်ပါ အခြေမခိုင်ပဲ ကျန်တာ အတင်းလိုက်လုပ်နေရင် ရှိနေတဲ့အနေအထားထက် ပိုဆိုးသွားမယ်။ တခြားနိုင်ငံက ပညာရေး စနစ်ကို စာအုပ်ထဲမှာ ရေးထားတဲ့ သီအိုရီတွေအတိုင်း လိုက်လုပ်လို့မရဖူး သူတို့ဆီမှာ တိုင်းရင်းသားက ၂မျိုး၃မျိုး ထက်မပိုဖူး၊ပညာရေးပုံစံမှာ တနိုင်ငံလုံးအကြုံးဝင်တဲ့ ပညာရေးစံနစ် curriculum က တခုထဲပဲရှိပီး သင်ကြားနည်းစနစ်နဲ့ ယင်းကို သင်နိုင်မဲ့ဆရာဆရာမရဲ့အရေအသွေးအပေါ် မူတည်ပီး ယင်းနိုင်ငံရဲ ့ပညာရေးအဆင့်တန်းကတဖြည်း ၂ မြှင့်လာတာ၊ဒါကြောင့်ပညာရေးတိုးတက်ဖို့က curriculum၊သင်ကြားနည်းစနစ်၊ဆရာ/မအရည်သွေး ၃နားညီမှာ ပညာရေးတိုးတက်မှာ၊

Mar 10, 2016 11:19 PM

တစ်ကျောင်း တစ်ဂါထာ တရွာတပုဒ်ဆန်းနဲ့ ဆိုရင်

နေရပ်- ခက္ရခ်ီရဲ ့

အောက်ကပြောသလို အမျိုးသားပညာရေးကနေ ဖက်ဒရယ်ပညာရေးတဲ့........

တကယ်သာတိုင်းပြည်ကိုဘာမှမထိန်းပဲနဲ့လုပ်ခြင်ရာလုပ်ခွင့်ပြု
လိုက်ရင် တစ်မြို့နယ်ကို ပညာရေးပုံစံတစ်မျိုးနဲ့ မြို့နယ်ပညာရေး၊ ကျေးရွာပညာရေး၊ အိမ်ထောင်စုပညာရေး၊ ဒါမှမဟုတ် တိုင်းရင်းသားတမျိးပညာရေးတစ်မျိုးနဲ့ ၁၃၅မျိုးသောပညာရေးများလုပ်မလားမသိဖူး....

တိုးတက်ပြီး နိုင်ငံရေးတည်ငြိမ်ပြီး နိုင်ငံရေးရင့်ကျက်ပြီး နိုင်ငံတွေကိုအားကျပြီး စိတ်ကူးတွေယဉ်ပီးလိုက်လုပ်နေရင်တော့ ခက်ရချီရဲ့..

ထမင်းဝလို့ချမ်းသာလာရင်ကျန်တာတွေအကုန်လုပ်လို့ရတယ်..အခုကထမင်းတောင်နှပ်မှန်အောင်မစားရဲ့တဲ့သူတွေကအများကြီး
အူမတောင့်အောင်လူတွေလုပ်နေရတဲ့အထဲ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းနဲ့ဆိုရင် ခက်ရချီရဲ့

အမေစုအစိုးရအမြော်အမြင်ရှိရှိနဲ့တိုင်းပြည်ကိုတော်တော်ထိန်းရအုန်းမယ်။ အားကိုးပါတယ် အမေရယ်...

Mar 10, 2016 05:44 AM

ဦးဝင်းတင်

ဒေါက်တာသိန်းလွင်ကတော့လုပ်ချလိုက်ပြန်ပီ အမျိုးသားပညာရေးပြောနေရာကနေ ဖက်ဒရယ်ပညာရေး ဖြစ်သွားပြန်ပီ ပညာရေးအပေါ်မူတည်ပီးအချင်း၂စိတ်ဝမ်း ကွဲအုန်းမယ်၊နိုင်ငံရေးကြောင့်စိတ်ဝမ်းကွဲလို့တိုင်းပြည်က ဖွတ်၂ညက်၂ကြေနေတာတောင် ရင်ကြားစေ့ဖို့မနဲလုပ်နေရတာခုထိမသိသေးဖူး၊တိုင်းပြည်နိုင်ငံရေးမတည်ငြိမ်သေးတဲ့အချိန်မှာ၊စပ်ကူးမတ်ကူးကာလမှာ၊သိရသလောက်မိခင်ဘာသာစကားက အစိုးရက အတိုင်းအတာတခုထိ အတန်း ငယ်တခုထိလုပ်ဖို့ရှိတယ် ဘာသာ စကားစာပေအရေးအသားစာလုံးမရှိတဲ့တိုင်းရင်းသားတွေအတွက်ထည့်စဉ်း စားရအုန်းမယ်၊သင်နိုင်တဲ့ဆရာဆရာမတွေအများကြီးမွေးထုတ်ရအုန်းမယ်။

Mar 09, 2016 08:02 PM

ဆိုက်တခုလုံးသို့