ယခုသတင်းအတွက် မှတ်ချက်အားလုံးကို ဖတ်ရှုန် NLD ကို အားကိုးလို့ မဖြစ်ကြောင်း ဦးခွန်ထွန်းဦးပြော

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။







သေဘာေပါက္ပါ :

တိုင်းရင်သားနယ်မြေတွေမှာ လက်နက်ကိုင်နဲ့တိုက်ရိုက်(သို့)သွယ်ဝိုက်ဆက်စပ်တဲ့
ကျောထောက်နောက်ခံ ပြုထားတဲ့ ပံပိုးထားတဲ့အဖွဲ့တွေကိုမဲမထည့်ပဲ

ပြည်သူက NLD ကိုပဲမဲထည့်ခဲ့တယ်ဆိုတာ
ပြည်သူဒီသေနတ်သံတွေကိုလုံးဝမကြားခြင်ပဲ
အေးချမ်းမူငြိမ်းချမ်းမူကိုလိုခြင်လို့ပဲ..
သူတို့က စစ်ဒဏ်ကိုတကယ်ခံစားနေရတာ.


ရခိုင်နဲ့ရှမ်းမှာ ANP နှင့်ဦးခွန်ထွန်းဦးတို့အနိုင်ရတယ်ဆိုတာ
လက်နက်ကိုင်အဖွဲ့မဟုတ်လို့အနိုင်ရတာ..

ဒါကိုကြည့်လိုက်ရင် ပြည်သူကဘာကြောင့် NLD ကိုမဲထည့်ခဲ့လည်းသဘောပေါက်ပါ..

May 09, 2016 03:18 AM

    Reply to this comment

အံသြံမဆုံးဖြစ်ရပါသည် နရေပျ- အနာဂါတ်အတွက်ရင်လေးမိသည် :

ရှမ်းလူမျိုးများ၏ခေါင်းဆောင်ဆိုသူက ယင်းသို့ပြောခြင်းအတွက်အံသြမဆုံးဖြစ်ရပီး
ခေါင်းဆောင်တဦးအရည်အချင်း
တခုဖြစ်သည့် အမြင်ကျယ်မူဘယ်လောက်ရှိ
သည်ကိုခန့်မှန်းနိုင်ပါသည်


နောက်တချက်အနေဖြင့် ရခိုင်ပြည်နယ်တွင်
တိုင်းရင်းသားပေါင်းစုံ (ရခိုင်အပါအဝင် မြို သက် ခမီး ချင်း ဗမာ ကမာန်း စသည်) နေနေ
တာပါ။ရခိုင်ပြည်နယ်ကို ရခိုင်တဦး တည်း မပိုင်ပါယင်းဒေသရှိတိုင်းရင်းသားအားလုံး
ပိုင်ပါသည်ယခုတိုက်ပွဲဖြစ်ပွဲဖြစ်သည့်
နေရာများသည်ယင်းလူမျိုးစုများနေထိုင်
လျက်ရှိသည့်နေရာများဖြစ်ပါသည်

နိုင်ငံတော်ကိုဦးဆောင်နေသည့် အစိုးရတစ်ရပ်အနေဖြင့် ယင်းဒေသရှိ
တိုင်းရင်းသားပြည်သူများ၏အသက်အိုးအိမ်
စည်းစိမ်ကာကွယ်ရေးအတွက်တာဝန်အပြည့်
ရှိပီး ယင်းတာဝန်ကို NLD ဦးဆောင်သည့်
အစိုးရ လွှတ်တော်မှ ဆောင်ရွက်နေခြင်း
ဖြစ်ပါသည်

အချုပ်ဆိုရလျှင် တိုက်ပွဲအများဆုံးဖြစ်ပွား
လျက်ရှိသည်နေရာသည် ရှမ်းပြည်နှင့်ကချင်
ပြည်နယ်များဖြစ်ပီး ယင်ဒေသရှိတိုင်းရင်း
သားခေါင်းဆောင်များသည် အမြင်ကျယ်မှ
ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုခြင်စိတ်
ရှိမှ လူမျိုးစွဲမရှိမှ ငြိမ်းချမ်းရေးအသီးအပွင့်ကို
ပြည်သူများ(အထူးသဖြင့် စစ်ဒဏ်ခံပြည်သူ)
ခံစားနိုင်မည်ဖြစ်ပါသည်။

သို့မဟုတ်ပါက ခေါင်းဆောင်းများကို ဝကွက်
အပ်ထားသည့် အပြစ်ကင်းစင်ရိုးသားသည့်
တိုင်းရင်းသားပြည်သူများ၏အနာဂါတ်သည်
ရင်လေးစရာဖြစ်ပါသည်

May 09, 2016 02:24 AM

    Reply to this comment

ခွဲခြားမြင်ပါ :

တိုင်းဒေသကြီးအပါအဝင် တိုင်းရင်းသား
နယ်မြေများမှ ပြည်သူများ(ယင်းအထဲတွင် ဦးခွန်ထွန်းဦးတို့ပါတီထောက်ခံသူများမှ NLDကိုမဲမပေးခဲ့ပါ)ငြိမ်းချမ်းရေး အေးချမ်းမူ
ကို အစိုးရတရပ်အနေနဲ့အကောင်အထည်
ဖော်လုပ်နိုင်အောင်မဲထည့်ခဲ့တာပါ။

နောက်ထပ်လက်နက်ကိုင်တိုက်ပွဲ
အသစ်အသစ်များပေါ်လာပီး တိုင်းပြည်၏
တိုင်းဒေသပြည်နယ်တွေမှာ မြေပေါ်မြေအောက်ဆူဆူပူပူ
ဖြစ်အောင် ပြုလုပ်နေသူများကို
ထောက်ခံခိုင်းဖို့မဲပေးခဲ့တာမဟုတ်ပါဖူး

တိုင်းရင်းသားပြည်သူအားလုံးအကျိုးစီးပွား
ကာကွယ်ဖို့ပါ

May 08, 2016 09:27 PM

    Reply to this comment

Sai Lin Kan နေရပ်- Melbourne :

Khun Tun Oo didn't vote for NLD. He knew former Quasi Government has transferred power to new NLD Government was just over a month. I don’t know why Khun Tun Oo was saying ethnic minorities’ peoples can’t be relied on NLD Government. If Khun Tun Oo thinks problems of 60 years can be sorting out in within a month and then Khun Tun Oo should try negotiating between the Restoration Council of Shan State (RCSS) and the Ta’ang National Liberation Army (TNLA). Both organizations are ethnic Shan and sub-Shan ethnic. Peace and reconciliation between majority Barman peoples and ethnic minority Burmese peoples are not quick fix solution and its long term solution. You must give new Government times and cooperation with Government. You can’t be leader of ethnic Shan peoples if you don’t have vision and understanding on this issue. NLD Government will handle delicately and thoughtfully because it’s sensitive to Military and as well as ethnic minorities’ groups.

May 08, 2016 11:44 AM

    Reply to this comment


ဆန္ဒတွေအ၇မ်းစောနေကြပါလား လပိုင်းရှိသေးသည့်အစိုး၇သစ်ကို အချိနိမပေးဘဲ ဝေဖန်နေကြတယ် ဉီးနှောက်က သုံးပြီး စကားပြောကြပါ
ဉာဏ်မြော်အမြင်ကြီး ဖို့ လို ပါတယ်။
Nld အစိုးရက အခါလည်ကလေး အသက်လောက်တောင်မရှိသေးလို့ အားလုၤး အလိုပြည့်ရအောင် မတတ်နိုင်သေးဘူးလေ
နှစ်ပေါင်းများစွာ နိုင်ငံသားတွေရဲ့ အကြီးအကျယ် ဆင်းရဲမွဲတေမှု၊ ဘေးဒုက္ခ တွေ
၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေ အကျပ်အတည်းတွေ ရှိနေ တယ် လေ။

May 08, 2016 06:03 AM

    Reply to this comment

NLD ကို မဲေပးခဲ့တယ္ဆိုတာ :

အားကိုးတကြီးမဲထည့်တယ်ဆိုတာ
စစ်ပွဲသေနတ်သံတွေချုပ်ငြိမ်းပီး ထာဝရ
ငြိမ်းချမ်းရေးရဖို့ဒေသတည်ငြိမ်ပီး ပြည်သူ
များ စိတ်ချမ်းသာစွဖြင့် လုပ်ကိုင်ရှာဖွေစား
သောက်အိပ်စက်နိုင်ဖို့ ဒီမိုကရေစီစနစ်ရှင်သန်ဖို့ တိုင်းပြည်တိုးတက်ဖွံဖြိုးအင်အား တောင့်တင်းဖို့ဒါတွေကို အကောင်
အထည်ဖော်ပေးဖို့ ဖော်နိုင်ဖို့ပါ အတွက်
မဲပေးခဲ့တာပါ

အလားတူအေးချမ်းနေတဲ့ နယ်ပယ် (ယခုရခိုင်ပြည်နယ်အပါအဝင်)
များမှာ ဒေသမတည်ငြိမ်အောင် ပြည်သူများ
ဒုက္ခရောက်အောင် မငြိမ်းချမ်းအောင် လုပ်နေသူ မည်သူမဆို မည်သည့်အဖွဲ့စည်း
မဆို တရားဥပဒေစိုးမိုးရေး ပြည်သူများ
အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး
အတွက် လုပ်ပေးဖို့မဲတွေပေးခဲ့တာပါ

ဒါတွေကိုအကောင်အထည်ဖော်ဖို့
NLD ဦးဆောင်တဲ့ အစိုးရ လွှတ်တော်
တရားစီရင်ရေးတို့မှာ တာဝန်အပြည့်ရှိ
ပါသည်

May 08, 2016 04:36 AM

    Reply to this comment

ဆႏၵေစာပီး အေဝဖန္မေစာပါနဲ ့ :

ဦးခွန်ထွန်းဦးရဲ ့ပြောတဲ့စကားကိုနားထောင်ကြည့်တော့
" ငှက်မသိတော့ဇရက်ကိုဂျိုးထင်
အချက်မသိတော့ သားမက်ကို သူခိုးထင်"
ဆိုသလိုဖြစ်နေပီ

တိုင်းရင်းသားအရေးကို တစိုက်မတ်မတ်
တကယ်လုပ်ပေးနေတဲ့NLD အစိုးရသစ်ကို
အချက်အလက်မပြည့်စုံပဲနဲ့ထင်ယောင်
ထင်မှား ဆန္ဒစောပီး ဝေဖန်ရေးကို ရှေ့တန်း
တင်နေတာမကောင်းပါဖူး

May 08, 2016 03:46 AM

    Reply to this comment

ဆႏၵေစာပီး အေဝဖန္မေစာပါနဲ ့ :

ဦးခွန်ထွန်းဦးရဲ ့ပြောတဲ့စကားကိုနားထောင်ကြည့်တော့
" ငှက်မသိတော့ဇရက်ကိုဂျိုးထင်
အချက်မသိတော့ သားမက်ကို သူခိုးထင်"
ဆိုသလိုဖြစ်နေပီ

တိုင်းရင်းသားအရေးကို တစိုက်မတ်မတ်
တကယ်လုပ်ပေးနေတဲ့NLD အစိုးရသစ်ကို
အချက်အလက်မပြည့်စုံပဲနဲ့ထင်ယောင်
ထင်မှား ဆန္ဒစောပီး ဝေဖန်ရေးကို ရှေ့တန်း
တင်နေတာမကောင်းပါဖူး

May 07, 2016 11:31 PM

    Reply to this comment

ဦးဝင်းတင် :

တိုင်းရင်းသားခေါင်းဆောင်တွေတောင်
အခုလိုအတွေးအမြင်တွေမှားနေရင်
ရိုးသားတဲ့နောက်လိုက်တိုင်းရင်းသား
တွေဆို ပြောဖွယ်မရှိတော့ပါ

ဒီလို တိုင်းပြည်မှာလက်နက်ကိုင်ပေါင်းစုံ လူပေါင်းစုံ အဖွဲ့စည်းပေါင်းစုံက တယောက်တပေါက်တွေ
နဲ့ဖြစ်နေသမျှ ငြိမ်ချမ်းရေးကိုအခိုင်အမာ
တည်ဆောက်နိုင်ဖို့အတွက် အခက်အခဲတွေ
အနှောက်အယှက်ဖြစ်နေအုန်းမှာမလွဲဧကန်ပါပဲ

တိုင်းပြည်ကံကြမ္မာပဲ



May 07, 2016 09:36 PM

    Reply to this comment

အားလံုးမွာတာဝန္ရွိပါသည္ :

ဒီမိုကရေစီလမ်းကြောင်းကိုသွားရာမှာ
မိမိတို့လိုအင်ဆန္ဒများကို ဒီမိုကရေစီနည်း
လမ်းကျစွာ တရားဥပဒေဘောင်အတွင်းက
တောင်းဆိုနိုင်ရန် နိုင်ငံတော်မှ ခွင့်ပြုထားပါသည်

ဒီမိုကရေစီနည်းလမ်းကြပီး အချက်အလက်များခိုင်လုံလျှင် အများကလက်ခံလျှင် တောင်းဆိုမူများ
ရနိုင်သလို

ဒီမိုကရေစီနည်းလမ်းမကြလျှင် အချက်လက်
များမခိုင်လုံလျှင် အများကလက်မခံလျှင်
ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန်ပြုမူလျှင်
မည်သည့် နိုင်ငံ၏အစိုးရ ဥပဒေပြုလွှတ်တော်
တရားစီရင်ရေးမှ လက်မခံပါ

ဒီမိုကရေစီ အလေ့ကျင့်ကိုဆန့်ကျင်ကာ
မျက်ကွယ်ပြုကာ
မင်းမဲ့စရိုက်ဥပဒေမဲ့ မင်းမဲ့စရိုက်ပြုလုပ်
ခြင်းများကို တားဆီးကာကွယ်ရန်သည်
နိုင်ငံသားတိုင်းအားလုံးတွင်တာဝန်ရှိပါသည်

May 07, 2016 08:57 PM

    Reply to this comment

လႊတ္ေတာ္ဆိုသည္မွာ နေရပ်- အျမင္က်ယ္ေအာင္စာမ်ားမ်ားဖတ္ပါ :

လွှတ်တော်ဆိုတာပြည်သူကတရားဝင်
ရွေးချယ်ထားတဲ့ပြည်သူ့ကိုယ်စားလှယ်
များက အကြောင်းအရာတခုကို ဆွေးနွေး
ရာမှာ တည်ဆဲဥပဒေ ဖွဲ့စည်းပုံအခြေခံ
ဥပဒေဘောင်အတွင်းကနေ အကြောင်း
အကျိုးဆီလျော်စွာဒီမိုကရေစီ နည်းလမ်း
တကျပြုလုပ်ဆွေးနွေးတဲ့နေရာပါ

သေနတ်တွေတကားကားနဲ့
ခေါင်းစဉ်စုံအကြောင်းဆုံပြပီး
ထင်ရာဆိုင်း
ပြုလုပ်နေတာတွေ တဗိုလ်တမင်းဖြစ်ခြင်ရာဖြစ်နေတာတွေကို ထောက်ခံအားပေးတဲ့နေရာမဟုတ်ပါ

NLD အမတ်များက ကိတ်စတိုင်းကို ကျိုးကြောင်းဆီလျော်စွာဖြင့်စဉ်းစား သုံးသတ်ပီးဖြစ်စဉ်အချက်အလက်အပေါ်
အခြေခံကာ ပြည်သူများအကျိုးစီးပွားအတွက် မှန်ကန်သည့်အလုပ်များကို ပြုလုပ်
နေခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် အမတ်အလုပ်လုပ်နေတာဖြစ်ပီး

NLDဦးဆောင်သည့် အစိုးရသည်လည်း
အစိုးရအလုပ်လုပ်နေတာပါ



May 07, 2016 02:27 PM

    Reply to this comment

သြော်ခက်ရခြေရဲ့  :

တိုင်းရင်းသားအရေးဆောင်ရွက်တာနဲ့
တည်ငြိမ်နေတဲ့ရခိုင်ပြည်နယ်မှာ
ဒေသမတည်မငြိမ်ဖြစ်နေတာကို ပြည်သူအားလုံး၏အသက်အိုးအိမ်
စည်းစိမ်ကာကွယ်ရေးအတွက် NLD အစိုးရက အစိုးရတာဝန်အရလုပ်နေတာကို မသဲကွဲဖူးနဲ့တူတယ်

တည့်၂ပြောရရင်NLD က အခု အစိုးရဖြစ်သွား တာကို မေ့နေတယ်ထင်တယ်

NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ တပ်မတော်သည်တသားတည်းပါဝင်နေပီး
နိုင်ငံတော်ကာကွယ်ရေးကိုဆောင်ရွက်ရပါ
သည်။


တနည်းအားဖြင့်
အစိုးရတရပ်အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ဖျက်ဆီးတဲ့
မည်သည့်ပြည်တွင်းပြည်ပအန္တရယ်
ကိုမဆို ပြည်သူများအကျိုးအတွက်
တပ်မတော်နဲ့ပြည်သူရဲတို့အားယင်းတို့ ၏နိုင်ငံတော်ကာကွယ်ရေးလုံခြုံရေး
တာဝန်များကိုဆောင်ရွက်ရန် လမ်းညွှန်မူပေးရပါသည်။

လက်ရှိတွင်လည်း ငြိမ်းချမ်းရေးလက်မှတ်ထိုး
ထားတဲ့ ရခိုင်ALP က ရခိုင်တိုင်းရင်းသား အရေးကိုလွှတ်တော်ပြင်ပဆောင်ရွက်နေသလို
ANP ပါတီကလည်း လွှတ်တော်တွင်းကနေ
ဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်နေတာပဲ

ဦးခွန်ထွန်းဦးစကားအရဆိုရင်
ဒေသမတည်မငြိမ်ဖြစ်တာ ပြည်သူတွေ
အခုလိုစစ်ဘေးရှောင်တွေဖြစ်နေတာကအရေး
မကြီးပဲ

AAစစ်ပွဲတွေဖန်တီးနေတာကအရေးကြီးပီး ကိုယ်စားလှယ်တွေကထောက်ခံပေးရ
မလိုဖြစ်နေတယ်


ဒီအတိုင်းသာဆို ရခိုင်မှာနောက်ထပ်
BB CC DD အဖွဲ့တွေကလည်း
ငါကတော့ BB လူမျိုး
ငါကတော့ CC လူမျိုး
ငါကတော့ DD လူမျိုး
ငါ့ရပိုင်ခွင့်ကို ပေးရမယ်ဆိုပီး
လက်နက်ကိုင်ပီး အခုAAလုပ်သလို
လုပ်နေရင်ခက်ရခြေရဲ့
တိုင်းပြည်အတွက်အန္တရယ်ရှိပါတယ်


အယူမှားရင် အတွေးမှားတယ် အတွေးမှားရင်
အပြောမှား အလုပ်မှားတတ်ပါတယ်

ဒါကြောင့် ခေါင်းဆောင်ဆိုသူတွေ အမြင်ကျယ်
ပီး အယူမှန်ကြပါစေ

May 07, 2016 12:48 PM

    Reply to this comment

အမည်မဖော်လိုသူ :

အခြေအနေတစ်ခုကို အချိန်အခါ မစောင့်ဆိုင်းနိုင်ပဲ အခုလိုပြောကြားလိုက်ခြင်း အပေါ်မှာ ဘယ်အတိုင်း အတာအထိ တာဝန်ယူနိုင်သလဲဆိုတဲ့ မေးခွန်းကို ဦးခွန်ထွန်းဦး အဖြေပေးနိုင်မလား။ ညီညွတ်သော တိုင်းရင်းသားအဖွဲ့ မဟာမိတ်အဖွဲ့အစည်း ကကော အရင် စစ် အစိုးရလက်ထက်တုန်းကကော အခု အချိန် အထိ လုပ်ငန်း အကောင်အထည်ဖေါ်ဆောင်မှု စွမ်းရည်များ ဘယ်အတိုင်းအတာအထိ ရှိခဲ့ ပါသလဲ၊ ရှိလာနိုင်မှာလည်း။
မိမိလိုချင် တဲ့ အတိုင်းအတာကို မရနိုင်တာနဲ့ ဒီအချက်ကတော့အချက် ကောင်းပဲဆိုပြီး ပြောဆိုလိုက်တာ ဟာ ဆင်ချင်တုံတရားနည်းပါးမှုလို့ သုံးသပ်ပါတယ်။

May 07, 2016 11:26 AM

    Reply to this comment

မူလသတင်းသို့ ပြန်သွားရန်

ဆိုက်တခုလုံးသို့