UNFC စည်းဝေးပွဲ KNO နဲ့ CNF တို့ကို ဖိတ်ကြားမည်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC စတင်ဖွဲ့စည်းချိန်က ပါဝင်ခဲ့တဲ့ KNO ကချင်အမျိုးသားအစည်းအရုံးနဲ့ ယာယီအဖွဲ့ဝင်အဖြစ်က ရပ်နားထားတဲ့ CNF ချင်းအမျိုးသား တပ်ဦးတို့ကို လာမယ့်အရေးပေါ်ညီလာခံမှာ ပါဝင်တက်ရောက်ဖို့ မနေ့ကပြီးစီးသွားတဲ့ UNFC စည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့ကကျင်းပတဲ့ UNFC အစည်းအဝေးကို တွေ့ရစဉ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC စတင်ဖွဲ့စည်းချိန်က ပါဝင်ခဲ့တဲ့ KNO ကချင် အမျိုးသားအစည်းအရုံးနဲ့ ယာယီအဖွဲ့ဝင်အဖြစ်က ရပ်နားထားတဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ကို လာမယ့် အရေးပေါ်ညီလာခံမှာ ပါဝင်တက်ရောက်ဖို့ မနေ့ကပြီးစီးသွားတဲ့ UNFC စည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစပြီး ၃ ရက်ကြာ ကျင်းပခဲ့တဲ့ စည်းဝေးပွဲမှာ အခုလိုဆုံးဖြတ်တာဖြစ်ပြီး UNFC အဖွဲ့အနေနဲ့ NCA လမ်းကြောင်းကတဆင့် မြန်မာနို်င်ငံ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

UNFC အရေးပေါ်ညီလာခံကို လာမယ့် ဇူလိုင်လမှာ ကျင်းပမှာဖြစ်ပါတယ်။