၇ ဖွဲ့နဲ့ရေးထိုးမယ့် NCA ကြောင့် ပြည်တွင်းစစ် မရပ်စဲနိုင်ဘူးလို့ UNFC ပြော

2015-10-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ  ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးရေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်ခြင်းမရှိတာဟာ စာချုပ်ပြီးပြည့်စုံမှုမရှိဘူးလို့ UNFC လို့ခေါ်တဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီက သဘောထားကြေညာချက်တစ်စောင် ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ပြီး ၁၁ ဖွဲ့ကတော့ အားလုံးပါဝင်မှ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုလိုအားလုံးပါဝင်မှု မရှိတာကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ပြည့်စုံခြင်းမရှိတဲ့အပြင် ပြည်တွင်းစစ်လည်း မရပ်စဲနိုင်ဘူးလို့ UNFC အဖွဲ့ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက ပြောပါတယ်။

"တိုင်းရင်းသား အဖွဲ့အစည်းအားလုံးပေါ့ဗျာနော်၊ လက်နက်ကိုင်တဲ့အဖွဲ့အစည်း အားလုံးပါဝင် ပြီးတော့မှ အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုချုပ်မယ်၊ အဲ့ဒါပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းမှာပေါ့လေ အဲ့လိုရည်ရွယ်ချက်ရှိပါတယ်၊ အခုလက်ရှိဖြစ်သွားတဲ့ပုံစံကတော့ ဒါကပြတ်သလောက်နဲ့ နှုတ်လိုက်တယ်ဆိုတဲ့ သဘောပေါ့နော်၊ အဲ့ဒါကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဟာ မပီပြင်တော့ဘူး၊ တချို့အဖွဲ့ကိုလည်း ချန်ထားတယ်ဆိုတဲ့ အနေအထားမျိုးမှာကတော့ ကျနော်တို့နိုင်ငံ တကယ်ပြည်တွင်းစစ်ရပ်စဲ ပြီးတော့ပေါ့လေ အေးချမ်းမယ်ဆိုတဲ့ အနေအထားမျိုးကိုတော့ ရောက်ဖို့ရန်မသေချာဘူး"

NCA လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ပြုလုပ်မယ့် အစည်းအဝေးတွေမှာ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ အဖွဲ့တွေကိုပါ တက်ရောက်ခွင့်ပေးမှာဖြစ်ပေမယ့် ဆွေးနွေးခွင့်တော့ မပြုဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေအရ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိတဲ့ အဖွဲ့တွေထဲက အစည်းအဝေးကို မတက်ရောက်တာတွေလည်း ဖြစ်နိုင်တယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။

UNFC ရဲ့ ကြေညာချက်မှာ NCA စာချုပ်ပါ သဘောတူညီချက်တွေအရ လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးရေး မူဘောင်ရေးဆွဲတာ၊ နှစ်ဘက်တပ်တွေလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအပါအဝင် ဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်မှသာလျှင် အဓိပ္ပါယ်ပြည့်ဝမှာဖြစ်တယ်လို့ ဆိုပါတယ်။

UNFC အဖွဲ့ဒုတိယဥက္ကဌ ဦးနိုင်ဟံသာကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (19)
Share

ကရင်​လို အမြင်​ကျယ်​တဲ့တိုင်းရင်းသား​ခေါင်း​ဆောင်​​တွေလိုတယ်

အမြင်​ကျယ်​တဲ့တိုင်းရင်းသား​ခေါင်း​ဆောင်​​တွေ တိုင်းပြည်​မှာ အများကြီးလိုတယ်​ ၊ တနည်းအားဖြင့်​တရုပ်​ဘိန်းဘုရင်
ဖုန်​ကြားရှင်​ကို အစိုးရကလက်​မခံလို့  လက်​မှတ်​မထိုးပဲ ကိုယ်​လူမျိုးရဲ့ ငြိ​မ်းချမ်းမှုကို စ​တေးတဲ့ နိုင်​ဟံသာတို့လို 
ခေါင်း​ဆောင်​မျိုးထက်​၊ အမြင်​ကျယ်​တဲ့ KNU က ​ခေါင်​​ဆောင်​ကြီး ဖာထီးတို့လို တိုင်းရင်းသား​ခေါင်း​ဆောင်​​တွေအများကြီးလိုတယ်​၊ဒါမှတိုင်းပြည်​​အေးချမ်းမှာ

Oct 06, 2015 10:24 AM

မင်းချမ်းကွန်း

မွန်​ပြည်​နယ်​မှာရှိတဲ့ပြည်​သူ့ သ​ဘောထားကို လူုအစည်း​ဝေးလုပ်​ပီး ထိုးမလား မထိုးဖူးလား လုပ်​လိုက်​ပါ၊ မွန်​ပြည်​နယ်​ရှိ ပြည်​သူအားလုံးက လက်​မှတ်​ထိုး​စေခြင်​ပြီး ​အေးချမ့်း ချင်​ပါသည်​ဟုအ​ဖြေထွက်​လာပါမည်​၊ မွန်​ခေါင်း​ဆောင်​​တွေ​ကေအိုင်​​အေ တပည့်​မခံပါနဲ့ ၊ မွန်​ပြည်​နယ်​ရှိပြည်​သူများဖြစ်​ခြင်​တဲ့ငြိမ်း ချမ်း​ရေးကို ​ဖော်​​ဆောင်​​ပေးပါ

Oct 05, 2015 01:49 PM

စစ်​မှန်​တဲ့မွန်​ပြည်​သူတို့အသံကို နားဆင်​ပါ

မွန်​ပြည်​နယ်​ရှိ မွန်​လူမျိုးများ ပြည်​သူများ လူမှု့အဖွဲ့ စည်းများအားလုံး ငြိ​မ်းချမ်း​ရေး အတွက်​ အပစ်​ရပ်​လက်​မှတ်​ထုးဖို့ ဦးနိုင်​ဟံသာတို့ အား ​တောင်းဆိုကြပါ၊မွန်​ပြည်​သူများ၏အသံကို အားလုံးသိ​အောင်​​ကြေငြာပါ၊ လက်​မှတ်​ထိုးမဲ့အဖွဲ့ ​တွေရဲ့ နယ်​​မြေ ​အေးချမ်း​စည်​ပင်​လာချိန်​မှာ မွန်​ပြည်​နယ်​လည်း အလားတူဖြစ်​ခြင်​ပါတယ်

Oct 05, 2015 07:39 AM

ဇေယျာလွင်

ရပ်စဲစေခြင်ရင် မွန်အဖွဲ့ ကလည်း လက်မှတ်ထိုးပေါ့ ဒါမှ ဒေသအေးချမ်းမှာ
ကိုယ်တိုင်ဝင်မပါပဲ မဖြစ်နိုင်ပါဖူးပြောနေတာ မွန်ပြည်သူတွေကို အလေးမထားဂရုမစိုက်တဲ့ သဘောပဲ။ အလုပ်နဲ့ သက်သေပြပါ။လေနဲပဲပြောမနေပါနဲ့ 

Oct 05, 2015 02:56 AM

မင်းချမ်းလန်း

ဦးနိုင်​ဟံသာတို့ ဆုံးဖြတ်​ချက်​မှားတယ်​လို့မြင်​ပါတယ်​ အစိုးရ လက်​မခံတဲ့ အဖွဲ့ ​တွေအတွက်​ မွန်​လူမျိုးများအ​ရေး မွန်​ပြည်​နယ်​ရှိပြည်​သူများအ​ရေး လစ်​လျူရှုတာ မှားယွင်းပါတယ်​။ ​ခေါင်း​ဆောင်​​တွေဆုံးဖြတ်​ချက်​မှားရင်​ ​နောက်​ဆုံး ​အောက်​ကမွနပြည်​သူပြည်​သားပဲခံရတာပါ၊မှန်​ကန်​စွာ ရပ်​တည်​​စေခြင်​ပါသည်​။

Oct 05, 2015 02:07 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့