ရိုဟင်ဂျာအရေး ပူးပေါင်းကူညီဖို့ ကုလမင်းကြီး တိုက်တွန်း

2018-08-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကို တွေ့ရစဉ်
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကို တွေ့ရစဉ်
Photo: UNHCR

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ဖိလစ်ပိုး ဂရန်းဒီ က ရိုဟင်ဂျာ မွတ်စလင်တွေ နေရပ်ပြန်ရေးအတွက် အာရှပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပတဲ့ ဝန်ကြီးများ ညီလာခံမှာ နိုင်ငံ ၂၆ နိုင်ငံက ဝန်ကြီးတွေနဲ့ အင်္ဂါနေ့ မနေ့က တွေ့ဆုံစဉ် ကုလမင်းကြီးက အခုလို ပြောကြားခဲ့ တာပါ။

ဒါ့အပြင် အဲဒီဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်း ၂ ခုဖြစ်ကြတဲ့ UNHCR နဲ့ UNDP တို့နဲ့ မြန်မာအစိုးရအကြား ချုပ်ဆိုခဲ့တဲ့ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖေါ်နိုင်ရေးအတွက် အာရှ ပစိဖိတ်နိုင်ငံတွေအနေနဲ့ မြန်မာအစိုးရကို ထောက်ခံကူညီကြဖို့လည်း သူက တိုက်တွန်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့