ရခိုင်စစ်ပြေးဒုက္ခသည်တွေအတွက် ယူနီဆက်အကူအညီ မနက်ဖြန်ရောက်ရှိမည်


2015.04.28
rakhine-ration-305.jpg ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များကို စားနပ်ရိက္ခာများ ပို့ဆောင်နေစဉ်။
Photo: Rakhine News Agency ( Facebook )

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ အတွက် UNICEF ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ပေးအပ်တဲ့ အကူအညီတွေကို ဒီကနေ့ စစ်တွေမြို့ကနေ သယ်ဆောင်သွားပြီး မနက်ဖြန်မှာ စပါးဆိပ်ကျေးရွာကို ရောက်ရှိမှာ ဖြစ်ပါတယ်။

UNICEF စစ်တွေမြို့ရုံးခွဲ တာဝန်ခံ Ms.Yosi Burckhardt က ဒုက္ခသည်တွေထံ ပေးအပ်တဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"မိမိတို့ UNICEF အဖွဲ့ အနေနဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းအားလုံးကို ပန်ကြားလိုတာက လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေအားလုံးကို ဒုက္ခသည်တွေထံ ရောက်ရှိအောင် ဝိုင်းဝန်း ကူညီကြဖို့ပါပဲ”

အကူအညီတွေပေးတဲ့အထဲမှာ ဒုက္ခသည်တွေအတွက် အရေးပေါ်လိုအပ်တဲ့ အဝတ်အထည်၊ စောင်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေအပါအဝင် အရေအတွက် ၂၆ မျိုးကို လှူဒါန်းတာဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်အတွင်းက ဒုက္ခသည်တွေအတွက် UNICEF အဖွဲ့ရဲ့ အခုအကူအညီဟာ ပထမအဆင့်ဖြစ်ပြီး နောက်ထပ်လိုအပ်ချက်တွေကို ဆက်လက်ကူညီမှာဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကစလို့ ကျောက်တော်မြို့နယ်အတွင်း မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် အနီးအနားကျေးရွာတွေက ဒေသခံ ၅၀၀ ကျော်ဟာ စပါးဆိပ်ကျေးရွာကို ထွက်ပြေးရောက်ရှိလာကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးမြင့်စိုးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။