ယူနတီဂျာနယ် သတင်းထောက်လေးဦးအတွက် အယူခံဝင်မယ်လို့ ရှေ့နေပြော

2014-07-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အတွဲ ၃၊ အမှတ် ၄ ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့  လျှို့ဝှက်ဓါတုလက်နက်စက်ရုံပါသော မျက်နှာဖုံးပုံ
အတွဲ ၃၊ အမှတ် ၄ ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက်ဓါတုလက်နက်စက်ရုံပါသော မျက်နှာဖုံးပုံ
photo: Facebook

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၀နှစ်စီချမှတ်ခံထားရတဲ့ ယူနတီဂျာနယ် က သတင်းထောက် ၄ ဦးအတွက် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ အယူခံဝင်သွားမယ်လို့ သိရ ပါတယ်။

သတင်းထောက် ၄ ဦးအမှုမှာ ကူညီဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က အယူခံတက်ဖို့ စီစဉ်နေတဲ့အကြောင်း အခုလိုပြော ပါတယ်။

"အမိန့်က တရားလိုဘက်ကို အသာပေးပြီးတော့ ဆုံးဖြတ်တယ်လို့ ကျနော်တို့က ခံယူတဲ့အတွက် အဲ့ဒီအမှုကို နိုင်ရမယ်လို့ ကျနော်တို့ ယုံကြည်တဲ့ အတွက် မကွေးတိုင်းဒေသကြီး တရားလွှတ်တော် ကို  အမြန်ဆုံး တက်ရောက်မှာဖြစ်ပါတယ်၊ လျှို့ဝှက် ချက်ပေါက်ကြားမှု ဥပဒေပုဒ်မနဲ့ အရေးယူအပြစ်ပေးလိုက်တော့ တကယ်ပဲ လျှို့ဝှက်ချက်တွေရှိလို့ ပေါက်ကြား သွားတာကြောင့် အရေးယူတာလား၊ ပေါက်ကြားတာ ဘာမှမရှိရင် ဒီလိုဥပဒေ ဒီပုဒ်မနဲ့တော့ အပြစ်မပေး သင့်ဘူးလို့ ရိုးရိုးသားသား နားလည်တာ"

ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကို ရှေ့နေဦးကျော်လင်းက လိုက်ပါဆောင်ရွက် ပေးတာဖြစ်ပြီး သတင်းထောက် ၄ ဦးကို ရှေ့နေဦးရောဘတ်စန်းအောင်က လိုက်ပါဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှာ "မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတု လက်နက်စက်ရုံ" ဆိုပြီး ဖေါ်ပြခဲ့တာကြောင့် ယူနတီဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ပခုက္ကူခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (1)
Share

Myo Chit

နေရပ်- Myanmar

အယူခံဝင်လဲရှုံးမှာဘဲ၊ အစတည်းက တရားသူကြီးတွေ ဟာ အုပ်ချုပ်ရေးက ခိုင်းတဲ့ အတိုင်း လုပ်ရတာ။

Jul 16, 2014 12:00 AM

ဆိုက်တခုလုံးသို့