ထောင်ကျ သတင်းသမားများ လွတ်မြောက်ဖို့ စုပေါင်းဆုတောင်း

2014-08-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သတင်းသမားတွေ လွတ်မြောက်ဖို့အတွက် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်က ကြေးသွန်းဘုရားမှာသြဂုတ်လ ၁၀ ရက်နေ့က သတင်းသမား ၂၀ လောက်က ဆုတောင်းပွဲပြု လုပ်ခဲ့စဉ်
သတင်းသမားတွေ လွတ်မြောက်ဖို့အတွက် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်က ကြေးသွန်းဘုရားမှာသြဂုတ်လ ၁၀ ရက်နေ့က သတင်းသမား ၂၀ လောက်က ဆုတောင်းပွဲပြု လုပ်ခဲ့စဉ်
Photo: Soe Thi Ha

ဖမ်းဆီးထောင်ချခံထားရတဲ့ ယူနတီသတင်းဂျာနယ်နဲ့ မွန်းတည့်နေ သတင်းဂျာနယ်တို့က သတင်းသမားတွေ လွတ်မြောက်ဖို့အတွက် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် က ကြေးသွန်းဘုရားမှာ ဒီကနေ့ သတင်းသမား ၂၀ လောက်က ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီဆုတောင်းပွဲမှာ ပါဝင်သူ သမဂ္ဂ သတင်းဂျာနယ်က သတင်းထောက်ချုပ် မရွှေမှုန်က အခုလို ပြောပါတယ်။

"ယူနတီသတင်းဂျာနယ်က သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံရတာ ထောင် ၁၀ နှစ်နဲ့ အလုပ် ကြမ်းပေါ့နော် အချခံရတယ်၊ မွန်းတည့်နေ က မီဒီယာသမားတွေနဲ့ လက်ရှိအဖမ်းခံထားရတဲ့ အခု အမှုရင်ဆိုင်ဆဲ သတင်းသမားတွေလည်း ရှိ တယ်ပေါ့နော်၊ အဲ့ဒီအတွက် အားလုံးအတွက်ကို ဒီနေ့က အခါကြီး ရက်ကြီး ဖြစ်တဲ့အတွက်ကို ကုသိုလ်ကောင်းမှုပြုပေးရင်းနဲ့ ဆုတောင်းပေးတာပါ၊ ဖမ်းဆီးတယ်၊ ထောင်ချတယ်၊ အရေးယူ တယ်၊ အမှုဖွင့်တယ် မျိုးစုံပေါ့နော်၊ တစ်မှုပြီးတစ်မှု ဆက်တိုက် အဲ့လိုမျိုးကြီးတွေ တစိုက်မတ်မတ် စတုတ္ထ မဏ္ဍိုင်ကိုလေ အန္တရာယ်ပြုလာမျိုးတွေ ဖြစ်လာပြီ၊ စတုထ္ထမဏ္ဍိုင်ပေါ့နော် ဘေးမသီ ရန်မခဖို့ အတွက် ထပ်ပြီးတော့ ဆုတောင်းတယ်"

လောလောဆယ်မှာ ယူနတီ သတင်းဂျာနယ်က သတင်းသမား ငါးဦးဟာ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်ခံထားရပြီး မွန်းတည့်နေ သတင်းဂျာနယ်က သတင်းသမားငါးဦးဟာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခံထားရပါတယ်။

မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ကိုရဲမင်းအောင် ကတော့ အခုလ ၄ ရက်နေ့ ရုံးချိန်းက သက်သေမလုံလောက် တဲ့အတွက် အမှုကနေ လွတ်မြောက်လာခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

သောကြာနေ့ ၊ မနက် ၉း၀၉ ၊ တနင်္ဂနွေထောင့် (ဂြိုဟ်တိုင် ၊ တန်ဆောင်း ဇရပ်များ တနေရာရာတွင်) မောရသုတ်ရွတ်ပြီး ဆုတောင်းပေးကြပါ။

Aug 11, 2014 02:10 PM

ဆိုက်တခုလုံးသို့