မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း တရုတ် သဘောမတူ

2018-05-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၁၇ သြဂုတ်လ ၃ဝ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်။
၂ဝ၁၇ သြဂုတ်လ ၃ဝ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်။
(UN Photo/Manuel Elias)

ရိုဟင်ဂျာမွတ်လင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြေညာချက်ထုတ်ပြန်ဖို့ ဆွေးနွေးနေရာမှာ ပြင်းထန်တဲ့ စကားလုံးတွေ သုံးစွဲမယ့်အရေးကို တရုတ်နိုင်ငံက သဘောမတူသေးဘူးလို့ သိရပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ့တပ်မတော်က “အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ဖို့ အရေးကြီးကြောင်း” ဗြိတိန်နိုင်ငံက အဆိုပြုရေး သားထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နိုင်ငံက ပယ်ဖျက်ခဲ့တယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးနိုင်တဲ့ ကောင်စီဝင် ကြီး ၅ ကြီးအပါအဝင် အလှည့်ကျအဖွဲ့ဝင် ၁ဝ နိုင်ငံက မြန်မာအရေးကိစ္စကို ဆွေးနွေးနေတာဖြစ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးရေး၊ တရား မျှတရေးနဲ့ တာဝန်ယူမှုရှိရေး ဗြိတိန်နိုင်ငံရဲ့ အဆိုမူကြမ်းမှာ ရေးသားထားပေမယ့် တရုတ်နိုင်ငံက ဒီအချက်တွေကို ပယ်ဖျက်ခဲ့ပြီး ရခိုင်ပြည်နယ်အခြေအနေ တိုးတက်ရေး အတွက် မြန်မာအစိုးရ ကြိုမ်းပမ်းဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်း ပြန်လည်အဆိုပြုထား တယ်လို့ သိရပါတယ်။

လုံခြုံရေးကောင်စီဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကို ခရီးသွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ရုရှနဲ့ တရုတ် ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံက သဘောတူမှ ထုတ်ပြန်ခွင့်ရှိတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့