ရိုဟင်ဂျာတွေ အမြန်ပြန်လာနိုင်ရေး ကုလလုံခြုံရေးကောင်စီ တိုက်တွန်း


2018-05-10
Share
unsc-622.jpg ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ကတွေ့ရစဉ်
Photo: Myanmar State Counsellor Office Facebook

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မိမိနေရပ်လုံခြုံစွာ ပြန်လာနိုင်ရေး အမြန်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဧပြီလ ၂၈ ရက်ကနေ မေလ ၁ ရက်နေ့အထိ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကို ခရီးသွားရောက်ခဲ့အပြီး လုံခြုံရေးကောင်စီက ဒေသ စံတော်ချိန် မေလ ၉ ရက် မနေ့ညက အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီကြေညာချက်မှာ ဗြိတိန်နိုင်ငံက အဆိုပြုထားတဲ့ "လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရေး" ဆိုတဲ့အသုံးအနှုန်းကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပေမယ့် အကြေအလည်ဆွေးနွေးပြီးနောက် ကန့်ကွက်ချက်ကို ပြန်ရုတ်သိမ်းခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်မှာ “မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေ မိမိနေအိမ်ကို မိမိဆန္ဒသဘောထားအရ၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာ ပြန်လာခွင့်ရရေး တိုးမြင့်ကြိုးပမ်းပေးဖို့၊ ဒီပြဿနာအခြေခံအကြောင်းရင်းတွေကို ဖြေရှင်းပေးဖို့” တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့