ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီတိုက်တွန်း

2018-07-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ်
Photo: AP

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှု ရှိရှိ နေရပ်ပြန်သွားနိုင်ရေးနဲ့ သူတို့ရဲ့ စီးပွားရေး လူမှုရေးအခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်ပေးရေး အစီအစဉ်တွေ အရှိန်မြှင့် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအစိုးရကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာ... ရခိုင်ပြည်နယ်မှာ  ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လွတ်လွတ်လပ်လပ်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးဖို့ အရေးကြီးပါတယ် လို့လည်း ဖော်ပြထားပါတယ်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့... အဲဒီဒုက္ခသည်တွေ ဌာနေ ပြန်လာနိုင်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ MoU သဘောတူညီချက်အရ အခုအခါမှာ အဖွဲ့တချို့ ရခိုင်ပြည်နယ်ကို ကွင်းဆင်းလုပ်ဆောင်နေပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က လူဘယ်လောက် ပြန်လာမယ်ဆိုတာ စာရင်းပြန်မပို့သေးတဲ့အတွက် နေအိမ်တွေ အပြည့်အဝတော့ မဆောက်လုပ်ရသေးဘူးလို့ ပြောကြားပါတယ်။

(ဦးဇော်ဌေးနှင့် ဆက်သွယ်မေးမြန်းချက်ကို ဤနေရာတွင် နားဆင်နိုင်ပါသည်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့