အခြေခံဥပဒေပြင်ဆင်ရေး တပ်မတော်ကူညီဖို့ တိုက်တွန်း

2014-10-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်က ပူးပေါင်းပါဝင်ပေးဖို့ မြို့တော်ခန်းမအနီးမှာ အောက်တိုဘာလ ၁၉ ရက်နေ့က ဗိုလ်ကြီးဟောင်း နေမျိုးဇင် တောင်းဆိုစဉ်
အခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်က ပူးပေါင်းပါဝင်ပေးဖို့ မြို့တော်ခန်းမအနီးမှာ အောက်တိုဘာလ ၁၉ ရက်နေ့က ဗိုလ်ကြီးဟောင်း နေမျိုးဇင် တောင်းဆိုစဉ်
Photo: Kyaw Zaw Win/RFA

အခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်က ပူးပေါင်းပါဝင်ပေးဖို့ ရန်ကုန်မြို့ခံတချို့က ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးမှာ ဒီနေ့ တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီတောင်းဆိုပွဲကို ဦးဆောင်တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတာကြောင့် ပြည်သူ ဘက်က ရပ်တည်ပေးဖို့ တောင်း ဆိုတာဖြစ်ကြောင်း ပြောပါတယ်။

"အခြေခံဥပဒေတစ်ခုလုံးပြင်ဆင်ရေး မှာရော လေးပွင့်ဆိုင်တွေ့ဆုံရေးဆိုတဲ့ အရေးကြီးတဲ့ထိပ်သီးလေးပွင့် တွေ့ဆုံ ပြီးတော့ နိုင်ငံရေးပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့ကိစ္စမှာရော တာဝန် သိသိပူးပေါင်းပါဝင်လာတဲ့ တပ်မတော်ဖြစ်ဖို့ဆိုပြီး ကျနော်တောင်းဆိုပါတယ်၊ သမိုင်းကြောင်းကောင်း ခဲ့တဲ့ မြန်မာ့တပ်မတော်ကို သမိုင်းဟောင်းကနေလွန်မြောက်ပြီး ပြည်သူ့ဘက်ကိုပဲ မျက်နှာမူလာ တဲ့ပြည်ချစ်တပ်မတော်အဖြစ် ကူးပြောင်းပေးပါလို့ တပ်မတော်ခေါင်းဆောင်ပိုင်းကို ကျနော်က လာရောက်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်"

ဒီနေ့တောင်းဆိုပွဲဟာလာမယ့် ၂၀၁၅ ဖေဖေါ်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်ပေါင်း တစ်ရာပြည့်အဖြစ် လံှှု့ဆော်ပွဲမှာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

နေရပ်- Yangon.

Tamadaw stands for handful of people but not for 51 millions people of Myanmar.

Oct 21, 2014 11:03 PM

(

xxxx ၂၀၀၈ အခြေခံဥပဒေ ကို တပ်မတော် ကကာကွယ်နေပါတယ်
စစ်ဗိုလ်ချူပ်တွေ အကျိူးစီးပွါးကိုကာကွယ်ဘို့ ရေးဆွဲထားတဲ ဒီအဓမ္မအမိန့်တွေ ဥပဒေတွေကို ရိုက်ချိူးကြဘို့ တာဝန်ရှိပါတယ်။

Oct 21, 2014 10:46 AM

ဆိုက်တခုလုံးသို့