တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအရေး အမေရိကန်စိုးရိမ်

ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ တခြား နယ်မြေတွေက ဒုက္ခသည်တွေ အရေးအတွက် အထူး စိုးရိမ်မိကြောင်း အမေရိကန် အစိုးရက မနေ့က ပြောလိုက်ပါတယ်။

2011-06-25
Share
laiza_refugee_305_z.jpg ကချင်ပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လိုင်ဇာကို ထွက်ပြေးခိုလှုံလာတဲ့ ကချင် တိုင်းရင်းသား ဒေသခံတွေကို ကချင်လူမှုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ခိုလှုံရေး စခန်းတွေမှာ ဇွန်လလယ်ပိုင်းမှာ တွေ့ရပုံ။
KIO

အမေရိကန် အစိုးရ အနေနဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့ ထွက်ပြေးနေရတဲ့ ဒေသခံ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တခြား လိုအပ်ချက်တွေကို ကူညီ စောင့်ရှောက်ပေးဖို့လည်း အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ တရုပ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံနေကြရပြီး တရုပ်အစိုးရ အနေနဲ့ ကြားဝင် စေ့စပ်ပေးဖို့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က တောင်းဆိုထားတယ်လို့ သိရပါတယ်။

Anonymous says:
2011-06-26 23:12

I would like to request government of USA and UN SG Ban Kee Moon to act and help quickly, drastically rather than saying they are concern and worry.

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့