အဆင့်မြင့် ရင်းနှီးမြှုပ်နှံမှုတွေ အမေရိကန် ဆက်လက်သွားမည်

2014-08-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန် စီးပွားရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Charles Rivkin ရဲ့သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Caterpillar အလုပ်ရုံသင်တန်းကျောင်းမှာ သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပစဉ်
အမေရိကန် စီးပွားရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Charles Rivkin ရဲ့သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Caterpillar အလုပ်ရုံသင်တန်းကျောင်းမှာ သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပစဉ်
Photo: Myo Zaw Ko / RFA

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အဆင့်မြင့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ် လို့ မြန်မာနိုင်ငံ ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန စီးပွားရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin က ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ သာကေတစက်မှုဇုန်မှာရှိတဲ့ ဒီဇယ်အင်ဂျင် သုံးအကြီးစား စက်ယန္တရားတွေ ထုတ်လုပ်ပြင် ဆင်တဲ့ အမေရိကန်ကုမ္ပဏီ Caterpillar အလုပ်ရုံသင် တန်းကျောင်းမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Charles Rivkin က အခုလိုပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ပေးထားတဲ့ကတိ အတိုင်း မြန်မာနိုင်ငံမှာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။  အဲဒီလို ရင်းနှီးမြှုပ်နှံသွားရာမှာ ရန်ကုန်မြို့ တစ်နေရာထဲမှာ တင်မဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့မှာပါ ရင်းနှီးမြှုပ်နှံ မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်လို့ Charles Rivkin က ပြောပါတယ်။

အမေရိကန် အကြီးစားစက်ယန္တရားကုမ္ပဏီ Caterpillar ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသားအမျိုးသမီးတွေကို စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးမယ့် စီမံကိန်းကိုလည်း အကောင်အထည်ဖော်နေကြောင်း ရှင်းပြခဲ့ပါတယ်။

အမေရိကန်ကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိ နေ ပြီဖြစ်ကြောင်းနဲ့ အထက်မြန်မာပြည်မှာလည်း ဆိုလာကနေ လျှပ်စစ်ထုတ်လုပ်မယ့် စက်ရုံ ၂ ခုကို တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာသန်း ၄၈၀ အသုံးပြုသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့