မြန်မာအတွက် အမေရိကန်နဲ့ တရုတ် ထိပ်တိုက် မတွေ့လို
2011.12.07
အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်လ်ရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကဏ္ဍတွေမှာ တိုးတက်မှုရှိဖို့ ကိစ္စဟာ အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးမှာ မဖြစ်မနေ အရေးကြီးကြောင်း ပြောကြားသွားသည်။
AFP
အမေရိကန် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Derek Mitchell ရဲ့ ဒီဇင်ဘာလ ၈ ရက်က ၁၃ ရက် အထိ အာရှနိုင်ငံကြီး သုံးနိုင်ငံကို သွားပြီး မြန်မာ့အရေး ဆွေးနွေးမယ့် ခရီးစဉ်မှာ တရုတ်နိုင်ငံ ပါဝင်တာကို ကြည့်ပြီး အဲဒီလို ပြောလိုက်တာပါ၊
Mr. Mitchell ဟာ ဒီဇင်ဘာလ ၁၂ ရက်မှာ တရုတ် နိုင်ငံကို ရောက်မယ်လို့ သိရပါတယ်။
သူ့ခရီးစဉ် မတိုင်ခင် တရုတ် နိုင်ငံကို သွားခဲ့တဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ၂၀၁၃ ကျရင် တရုတ်နိုင်ငံ သမ္မတ ဖြစ်လာဖို့ လျာထား သတ်မှတ်ခံရတဲ့ လက်ရှိ ဒု-သမ္မတ ရှီကျင်ဖင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဲဒါကို ကြည့်ရင် အမေရိကန်နဲ့ ဆက်ဆံရေးဟာ တရုတ်ကို ထိခိုက်မှု ရှိမှာမဟုတ်ဘူး ဆိုတဲ့ အကြောင်း သွားရောက် ရှင်းပြတာ ဖြစ်မယ်လို့ ထင်ကြောင်း ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။
Derek Mitchell ရဲ့ခရီးစဉ်မှာ တရုတ်အပြင် တောင်ကိုးရီးယားနဲ့ ဂျပန် နိုင်ငံတွေလည်း ပါဝင်ပါမယ်။









