သတင်းထောက်တွေ လွတ်မြောက်ရေး ပိုမိုလုပ်ဆောင်ဖို့ ကန် အမတ်တွေ တိုက်တွန်း


2018.09.11
reuters-jail-622.jpg ရိုက်တာ သတင်းထောက်နှစ်ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Htet Arkar/RFA

သမ္မတ ထရမ့် အစိုးရအနေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်မြောက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ၁၁ ဦးက စာတစောင်ရေးသားပြီး မနေ့က တိုက်တွန်းလိုက်ကြပါတယ်။

အဲဒီစာကို ဒီမိုကရက်တီပါတီ အမတ် ၆ ဦးနဲ့ ရီပတ်ဘလီကင် အမတ် ၅ ဦး ပါဝင်လက်မှတ်ထိုးထားပါတယ်။  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပေးယိုက ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်နဲ့ တွေ့ဆုံစဉ်မှာ သတင်းထောက် ၂ ဦး လွတ်မြောက်ရေးအတွက် တိုက်တွန်းခဲ့တာကို သူတို့က အသိအမှတ်ပြုပါကြောင်း၊ ဒါပေမဲ့ ဒီထက်ပိုပြီး လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း ရေးသားထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။