သတင်းထောက်တွေ လွတ်မြောက်ရေး ပိုမိုလုပ်ဆောင်ဖို့ ကန် အမတ်တွေ တိုက်တွန်း

သမ္မတ ထရမ့် အစိုးရအနေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်မြောက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်ဖို့ အမေရိကန် အထက် လွှတ်တော်အမတ် ၁၁ ဦးက စာတစောင်ရေးသားပြီး မနေ့က တိုက်တွန်းလိုက်ကြပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ်

သမ္မတ ထရမ့် အစိုးရအနေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်မြောက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ၁၁ ဦးက စာတစောင်ရေးသားပြီး မနေ့က တိုက်တွန်းလိုက်ကြပါတယ်။

အဲဒီစာကို ဒီမိုကရက်တီပါတီ အမတ် ၆ ဦးနဲ့ ရီပတ်ဘလီကင် အမတ် ၅ ဦး ပါဝင်လက်မှတ်ထိုးထားပါတယ်။  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပေးယိုက ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်နဲ့ တွေ့ဆုံစဉ်မှာ သတင်းထောက် ၂ ဦး လွတ်မြောက်ရေးအတွက် တိုက်တွန်းခဲ့တာကို သူတို့က အသိအမှတ်ပြုပါကြောင်း၊ ဒါပေမဲ့ ဒီထက်ပိုပြီး လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း ရေးသားထားတယ်လို့ သိရပါတယ်။