ရွေးကောက်ပွဲ ကြည့်ရှုဖို့ အမေရိကန်အဖွဲ့ရောက်ရှိ

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ကြည့်ရှုလေ့လာဖို့ အမေရိကန် ပြည်ထောင်စုက စေလွှတ်မယ့် ကိုယ်စားလှယ် အဖွဲ့ဝင်နှစ်ဦးရဲ့ အမည်တွေကို နိုင်ငံခြားရေးဌာနက မနေ့က ကြေညာသွားပါတယ်။

2012.03.28
victoria-nuland-statedepartment-b305 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းတင်ပြနေစဉ်။
US Department of State

ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အမျိုးသား ဒီမိုကရက်တစ်အဖွဲ့ NDI က Peter Manikas နဲ့ နိုင်ငံတကာ ရီပါပလင်ကင်အဖွဲ့ IRI က Johanna Kao တို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ပြောပါတယ်။

ဒါပေမယ့် သူတို့တွေဟာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဆိုတာထက် ရွေးကောက်ပွဲ ဘယ်လိုကျင်းပသလဲ ဆိုတာ ကိုယ်တိုင်မျက်မြင် သွားရောက်ကြည့်ရှုကြမှာ ဖြစ်တယ်လို့ Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။

သူက ဆက်လက်ပြောဆိုရာမှာ- အမေရိကန်က စေလွှတ်မယ့်အဖွဲ့ဟာ ရွေးကောက်ပွဲကို စောင့်ကြည့်တယ်ဆိုတဲ့ အဆင့်မှာတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရက ရွေးကောက်ပွဲကျင်းပမယ့် ရက်ပိုင်းအလိုမှ ဖိတ်ခေါ်ခဲ့တာမို့ ကုလသမဂ္ဂက ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အချက်တွေနဲ့အညီ စစ်ဆေးနိုင်မှာ မဟုတ်လို့ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၂၈ ရက်နေ့ ကနေ ဧပြီလ ၃ ရက်နေ့အထိ လေ့လာကြည့်ရှုမှာ ဖြစ်ပါတယ်။

အလားတူပဲ ကုလသမဂ္ဂက စေလွှတ်မယ့် အဖွဲ့နဲ့ ပတ်သက်လို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရုံးရဲ့ ပြောခွင့်ရအမျိူးသမီး Eri Kaneko က မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို တုန့်ပြန်တဲ့ အနေနဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာပါ၊ အဲဒီအဖွဲ့ကနေ ရွေးကောက်ပွဲ အစီရင်ခံစာကို အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းကို တင်ပြမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-29 05:49

မူတ်ပုံတင်သွားလုပ်ပါတယ် ၆ကျပ်၁မက်တဲ့ ဘယ်သူမုမသိအောင့် (၁၀၀၀၀)လက်ထိုးရင်(၅)ရက်နဲ့ရပါတယ်လက်မထိုးရင်(၁)လတဲ့

Anonymous
2012-03-28 15:03

This means USA looklike cooperate to Their sham election neglecting their Pre-voting technique.