အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို လာရောက်မည်

2016-05-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကို တွေ့ရစဉ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကို တွေ့ရစဉ်
Photo: state.gov

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ လာမယ့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ် ပါတယ်။

ဂွန်ကယ်ရီဟာ လောလောဆယ် ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံတွေကို မနေ့က ခရီးစတင်ထွက်ခွာသွားပါတယ်။

သူဟာ ဥရောပခရီးစဉ်အပြီးမှာ အာရှတိုက်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားနဲ့ ဗီယက်နမ်နိုင်ငံမှာ မဆုံတွေ့ခင် မြန်မာနိုင်ငံကို ခရီးတစ်ထောက် ဝင်ရောက်မှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ ဗီယက်နမ်နိုင်ငံကို မေလ ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ လာရောက် လည်ပတ်မှာဖြစ်တယ်လို့ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့